(Guitar music)
(ဂစ်တာ တေးဂီတသံ)
I was just thinking that I have been missing you way too long
ကိုယ်တွေးနေမိတယ်၊ ကိုယ်မင်းကို အကြာကြီး လွမ်းနေတာကိုပေါ့။
There's something inside this weary head
ဒီနွမ်းလျနေတဲ့ ခေါင်းထဲက တစ်ခုခုက
that wants us to love just instead
အဲဒါအစား ကိုယ်တို့တွေကို ချစ်တတ်စေချင်တယ်။
But I was just thinking, merely thinking
ဒါပေမဲ့ ကိုယ်က တွေးနေရုံပါပဲ၊ တွေးနေရုံ သက်သက်ပါ။
I've got loads of pictures,
ကိုယ့်မှာ ပုံတွေ တောင်ပုံရာပုံရှိတယ်၊
I've got the one of you in that dancing dress
မင်း အကဝတ်စုံနဲ့ ပုံတစ်ပုံ ကိုယ့်မှာရှိတယ်။
But man I feel silly in that dim light
ဒါပေမဲ့ ကိုယ့်လူ၊ ဒီမှိန်ပြပြ အလင်းထဲမှာ ကြောင်သလိုလို ခံစားမိတယ်။
Just after doing you by the sight of my Kodak delights,
ကိုယ့်ရဲ့ Kodak သာယာမှုလေးတွေရဲ့ မြင်ကွင်းနဲ့ မင်းကို ဖန်တီးပြီးတဲ့နောက်
I am sinking, merely sinking
ကိုယ်ဟာ နစ်နေဆဲ နစ်နေရုံ သက်သက်ပါပဲ။
I think about long distance rates instead of kissing you babe
မင်းကို အနမ်းချွေနေရမယ့်အစား ခရီးကွာဝေးနှုန်းကို တွေးမိတယ် ကလေးရေ။
I'm a singer without a song
ကိုယ်ဟာ သီချင်းတစ်ပုဒ်မဲ့နေတဲ့ သီဆိုသူပါ။
If I wait for you longer
ကိုယ်မင်းကို ကြာကြာ ပိုစောင့်မျှော်မိရင်
my affection is stronger
ကိုယ့်တွယ်တာမှုက ပိုခိုင်မာလာတယ်။
and I ... I was just thinking, merely thinking
ပြီးတော့ ကိုယ်...ကိုယ်ဟာ တွေးနေရုံပါပဲ၊ ဒီသင်္ဘောဟာ နစ်နေပါတယ်လို့
that this boat is sinking
တွေးနေရုံ သက်သက်ပါ။
I'm tired of postcards, especially the ones with cute dogs and cupids
ပိုစ့်ကဒ်တွေကို ငြီးငွေ့လှပါပြီ၊ အထူးသဖြင့် ချစ်စရာခွေးလေးတွေနဲ့ မြားနတ်မောင် ပုံတွေနဲ့လေ။
I'm tired of calling you and missing you and dreaming I slept with you
ကိုယ်မင်းကို ခေါ်ရတာ၊ လွမ်းရတာ၊ မင်းနဲ့အတူ မှေးစက်တယ်လို့ အိမ်မက်မက်ရတာတွေကို ငြီးငွေ့လှပါပြီ။
Don't get me wrong I still desperately love you
ကိုယ့်ကို အထင်မလွဲပါနဲ့နော်၊ ဒီနွမ်းလျနေတဲ့ ခေါင်းထဲမှာ
inside this weary head
ကိုယ်မင်းကို အရူးအမူးချစ်နေဆဲပါ။
I just want us to love just instead
အဲဒါအစာ ကိုယ်တို့ ချစ်နေဖို့ပဲ ကိုယ်လိုချင်တယ်။
But I was just thinking and thinking, merely thinking
ဒါပေမဲ့့ ကိုယ်ဟာ တွေးနေရုံ၊ တွေးနေဆဲ၊ တွေးနေရုံသက်သက်ပါ။
I think about long distance rates instead of kissing you babe
မင်းကို အနမ်းချွေနေရမယ့်အစား ခရီးကွာဝေးနှုန်းကို တွေးမိတယ် ကလေးရေ။
and time is running me still
ပြီးတော့ အချိန်ဟာ ကိုယ့်ကို လှုပ်မရအောင် မောင်းနှင်နေတယ်။
If I wait for you longer
ကိုယ်မင်းကို ကြာကြာ ပိုစောင့်မျှော်မိရင်
my affection is stronger
ကိုယ့်တွယ်တာမှုက ပိုခိုင်မာလာတယ်။
I ... I was just thinking
ကိုယ်...ကိုယ်ဟာ တွေးနေရုံပါ။
I ... I was just thinking
ကိုယ်...ကိုယ်ဟာ တွေးနေရုံပါ။
that I'm tired of calling you once a week
တစ်ပတ်တစ်ခါ မင်းကို ခေါ်ရတာ ငြီးငွေ့လှပါတယ်လို့၊
thinking of long distance rates instead of kissing you
မင်းကို အနမ်းချွေနေရမယ့်အစား ခရီးကွာဝေး နှုန်းကို တွေးမိတယ်လို့။
So baby I'm sinking,
ဒီတော့ ကလေးရေ၊ ကိုယ်တွေးနေမိတယ်၊
merely sinking
တွေးနေရုံသက်သက်ပါ၊
(Guitar music ends)
(ဂစ်တာ ဂီတသံ အဆုံးသတ်သွားသည်။)
(Applause)
(လက်ခုပ်သံများ)
Thank you.
ကျေးဇူးတင်ပါတယ်။
Singing is sharing. When you sing, you have to know what you're talking about intimately, and you have to be willing to share this insight and give away a piece of yourself. I look for this intention to share in everything, and I ask: what are the intentions behind this architecture or this product or this restaurant or this meal? And if your intentions are to impress people or to get the big applause at the end, then you are taking, not giving.
သီချင်းဆိုတာဟာ မျှဝေတာပါ။ သီချင်းဆိုတဲ့အခါ ကိုယ်ပြောမယ့်အကြောင်းကို ရင်းရင်းနှီးနှီး သိဖို့လိုပြီး ဒီအသိအမြင်ကို မျှဝေချင်စိတ် ရှိပြီး ကိုယ့်အကြာင်း တစ်စိတ်တစ်ပိုင်း ဖွင့်ချဖို့တော့လိုတာပေါ့။ အရာတိုင်းကို မျှဝေဖို့ ဒီစေတနာကို ရှာပြီး ဒီဗိသုကာ၊ ဒီထုတ်ကုန်၊ ဒီစားသောက်ဆိုင်၊ ဒီဟင်းလျာရဲ့ နောက်ကွယ်က စေတနာတွေဟာ ဘာလဲဆိုတာ မေးမြန်းပါတယ်။ ပြီး စေတနာတွေဟာ လူတွေသဘောကျစေဖို့ အဆုံးမှာ လက်ခုပ်သံ အကျယ်ကြီး ကြားရဖို့ဆိုရင် ခင်ဗျားဟာ ပေးနေတာမဟုတ်ပဲ ယူနေတာပါ။
And this is a song that's about -- it's the kind of song that everyone has their version of. This song is called "Home," and it's sort of a "This is where I'm from, nice to meet you all," kind of song.
ဒါက ဒီအကြောင်းရေးထားတဲ့ သီချင်းတစ်ပုဒ်ပါ၊ ဒါဟာ လူတိုင်း သူတို့ရဲ့ ဆိုပုံရှိတဲ့ သီချင်းမျိုးပါ။ ဒီသီချင်းကို "အိမ်" လို့ခေါ်ပြီး ဒါဟာ "ဒါဟာ ကိုယ်လာတဲ့နေရာပါ၊ အားလုံးကို တွေ့ရတာ ဝမ်းသာပါတယ်" ဆိုတာမျိုး သီချင်းပါ။
(Laughter)
(ရယ်သံများ)
(Applause)
(လက်ခုပ်သံများ)
(Piano music)
(စန္ဒရား ဂီတသံ)
Home is the sound of birds early in the morning
အိမ်ဆိုတာဟာ မနက်စောစော ငှက်တွေရဲ့ အသံပါ။
Home is a song I've always remembered
အိမ်ဆိုတာဟာ ကိုယ် အမြဲ အမှတ်ရနေတဲ့ သီချင်းတစ်ပုဒ်ပါ။
Home is the memory of my first day in school
အိမ်ဆိုတာဟာ ကျောင်းတုန်းက ပထမဆုံးနေ့ရဲ့ အမှတ်တရပါ။
Home is the books that I carry around
အိမ်ဆိုတာဟာ ကိုယ် ဟိုသယ်၊ ဒီသယ်လုပ်တဲ့ စာအုပ်တွေပါ။
Home is an alley in a faraway town
အိမ်ဆိုတာဟာ အဝေးမြို့လေးက လမ်းကြားလေးပါ။
Home is the places I’ve been and where I’d like to go
အိမ်ဆိုတာဟာ ကိုယ်ရောက်ဖူးပြီး၊ ကိုယ်သွာချင်မိတဲ့ နေရာတွေပါ။
Home
အိမ်
I'm always gonna feel at home
အမြဲ ကိုယ့်အိမ်လိုပဲ ခံစားမိတော့မှာပေါ့၊
No matter where I may roam
ကိုယ်ထင်ရာ ဘယ်ကို သဝေထိုးနေနေ
I'm always gonna find my way back home
ကိုယ့်အိမ်ကို ပြန်ဖို့ လမ်းကတော့ အမြဲတွေ့နေမှာပေါ့၊
No matter how far I’m gone
ကိုယ်ဘယ်လောက်ပဲ ဝေဝေးသွားသွား
I’m always gonna feel this longing
ဒီတောင့်တမှုကို အမြဲ ခံစားရနေမှာပေါ့။
No matter where I might stay
ကိုယ်ဘယ်မှာပဲ နေနေပါ၊
Home is a feather twirling in the air
အိမ်ဆိုတာဟာ လေထဲမှာ ပတ်ချာလည်နေတဲ့ ငှက်မွှေးတစ်ချောင်းပါ။
Home is flowers in a windowsill
အိမ်ဆိုတာဟာ ပြတင်းပေါက်ခုံက ပန်းပွင့်တွေပါ။
Home is all the things she said to me
အိမ်ဆိုတာဟာ သူမ ကိုယ့်ကို ပြောခဲ့တာတွေ အားလုံးပါ။
Home is a photo I never threw away
အိမ်ဆိုတာဟာ ကိုယ်ဘယ်တော့မှ လွှတ်မပစ်တဲ့ ဓာတ်ပုံတစ်ပုံပါ။
Home is the smile on my face when I die
အိမ်ဆိုတာဟာ ကိုယ်သေတဲ့အခါ ကိုယ့်မျက်နှာပေါ်က အပြုံးတစ်ပွင့်ပါ။
Home is the taste of an apple pie
အိမ်ဆိုတာဟာ ပန်းသီးကိတ်တစ်လုံးရဲ့ အရသာပါ။
I met a woman, she always lived in the same place
တစ်နေရတည်း အမြဲနေတဲ့ အမျိုးသမီးတစ်ဦးကို တွေ့ဖူးတယ်။
And she said home is where you’re born and raised
သူမပြောတာက အိမ်ဆိုတာ ကိုယ်မွေးဖွားပြီး လူလားမြောက်တဲ့နေရာတဲ့။
And I met a man, he sat looking out to the sea
ယောကျ်ားတစ်ယောက်နဲ့ဆုံတော့သူက ပင်လယ်ကို မျှော်ကြည့်ရင်း ထိုင်လိုက်တယ်။
And he said home is where you want to be
သူပြောတာက အိမ်ဆိုတာက ကိုယ်ဖြစ်ချင်တဲ့နေရာတဲ့။
I met a girl in some downtown bar
မြို့လယ်ခေါင်က ဘားတစ်ခုမှာ မိန်းကလေး တစ်ယောက်နံ့ဆုံခဲ့တယ်။
And she said I'll have whatever he's having
သူမပြောတာက သူ့မှာရှိနေတာ ဘာမဆို ကွျန်မမှာ ရှိနေမယ်တဲ့။
And I asked her how come we never met before?
ဒါနဲ့ ငါတို့မဆုံခင်တုန်းကရော ဘယ်လိုလဲလို့ မေးလိုက်တယ်။
And she said all my life I’ve been trying
သူမပြောတာက ကျွန်မဘဝ တစ်ခုလုံး ကိုယ်ပိုင်နေရာ
to get a place of my own
တစ်နေရာရဖို့ ကြိုးပမ်းနေခဲ့တာပါတဲ့။
I’m always gonna feel at home
အမြဲ ကိုယ့်အိမ်လိုပဲ ခံစားမိတော့မှာပေါ့၊
No matter where I may roam
ကိုယ်ထင်ရာ ဘယ်ကို သဝေထိုးနေနေ
Always gonna find my way back home
ကိုယ့်အိမ်ကို ပြန်ဖို့ လမ်းကတော့ အမြဲတွေ့နေမှာပေါ့၊
No matter how far I’m gone
ကိုယ်ဘယ်လောက်ပဲ ဝေဝေးသွားသွား
I'm always gonna feel this longing
ဒီတောင့်တမှုကို အမြဲ ခံစားရနေမှာပေါ့။
No matter where I might stay
ကိုယ်ဘယ်မှာပဲ နေနေပါ၊
(Piano music)
(စန္ဒရား ဂီတသံ)
(Piano music ends)
(စန္ဒရားဂီတသံ ဆုံးသွားသည်။)
(Applause)
(လက်ခုပ်သံများ)