Daffodil Hudson: Hello? Yeah, this is she. What? Oh, yeah, yeah, yeah, yeah, of course I accept. What are the dates again? Pen. Pen. Pen. March 17 through 21. Okay, all right, great. Thanks.
ဒတ်(ဖ်)ဖိုဒီလ် ဟတ်(ဒ်)ဆန် (HD)၊ ဟဲလို၊ ဟုတ်တာပေါ့။ ဒါက သူမပါပဲ။ ဘာပြောတယ်။ ဟုတ်၊ ဟုတ်၊ဟုတ်။ ဟုတ်တာပေါ့၊ကျွန်မ လက်ခံပါတယ်။ ဘယ်နေ့စွဲတွေလဲ၊ ပြန်ပြောပါဦး ဘောပင်၊ ဘောပင်၊ ဘောပင်။ မတ်လ (၁၇) ရက်ကနေ (၂၁) ရက်ထိ၊ ကောင်းပြီ၊ ကောင်းပြီ။ သိပ်ကောင်းတာပေါ့။ ကျေးဇူးနော်။
Lab Partner: Who was that?
လက်တွေ့ခန်း လုပ်ဖော် (LP)၊ အဲဒါဘယ်သူလဲ။
DH: It was TED.
HD၊ အဲဒါ TED လေ။
LP: Who's TED?
LP၊ TED ဆိုတာက ဘယ်သူတုန်း
DH: I've got to prepare.
HD၊ ကျွန်မ ပြင်ဆင်စရာ ရှိသေးတယ်။
["Give Your Talk: A Musical"] (Music)
"Give Your Talk" (သင့်ရဲ့ ဟောပြောချက်ကို တင်ဆက်ပါ - ဂီတပဒေသာပွဲ) (တေးဂီတသံ)
["My Talk"]
["ကျွန်မရဲ့ ဟောပြောချက်"]
♪ Procrastination. ♪ What do you think?
♪ နှောင့်နှေးကြန့် ကြာမှု။ ♪ မင်း ဘယ်လိုသဘောရလဲ။
(Doorbell)
(လူခေါ်ခေါင်းလောင်း မြည်သံ)
Can I help you?
ဘာကူညီရမလဲရှင်။
(Music)
(တေးဂီတသံ)
Speaker Coach 1: ♪ Let's prepare for main stage. ♪ ♪ It's your time to shine. ♪ ♪ If you want to succeed then ♪ ♪ you must be primed. ♪
ပြောဟောသူ နည်းပြ(၁)၊ ♪ အဓိက ဇာတ်စင် အတွက် ပြင်ဆင်ကြပါစို့။ ♪ ♪ တောက်ပ လင်းလက်ဖို့ မင်းရဲ့ အချိန်ရောက်ပါပြီ။ ♪ ♪ မင်း အောင်မြင်ချင်ရင်တော့ ♪ ♪ မင်းကို ပွဲထုတ်ဖို့ ပြင်ဆင်ရမှာပေါ့။ ♪
Speaker Coach 2: ♪ Your slides are bad ♪ ♪ but your idea is good ♪ ♪ so you can bet before we're through, ♪ ♪ speaker, we'll make a TED Talk out of you. ♪
ပြောဟောသူ နည်းပြ(၂)၊ ♪ မင်း ရဲ့ ရုပ်ပုံဆလိုက်တွေက ဆိုးလိုက်တာ ♪ ♪ ဒါပေမယ့် စိတ်ကူးကတော့ အကောင်းသား။ ♪ ♪ ဒါကြောင့် ငါတို့ မပြီးမြောက်ခင် မင်း အနေနဲ့ သေချာနိူင်တာပေါ့။ ♪ ♪ ဟောပြောသူရေ ၊ မင်း အကြောင်း TED ဟောပြောချက်တစ်ခု တို့တင်ဆက်ကြမယ်။ ♪
Speaker Coach 3: ♪ We know about climate change, ♪ ♪ but what can you say that's new? ♪
ပြောဟောသူ နည်းပြ(၃) ၊ ♪ ငါတို့တွေ ရာသီဥတု အပြောင်းအလဲအကြောင်းကို သိကြပါတယ်။ ♪ ♪ ဒါပေမယ့် အသစ်ဆိုလို့ မင်း ဘာပြောနိူင်မလဲ။ ♪
♪ SC 1: Once you find your focus ♪ ♪ then the talk comes into view. ♪
♪ ပြောဟောသူ နည်းပြ(၁) မင်း အနေနဲ့ မင်းရဲ့အာရုံစိုက်ရာကို ရှာတွေပြီးဆိုတာနဲ့ ♪ ♪ ဟောပြောချက်ဟာ ရုပ်လုံးပေါ်လာမှာပဲလေ။ ♪
SC 2: ♪ Don't ever try to sell something ♪ ♪ from up on that stage ♪ ♪ or we won't post your talk online. ♪
ပြောဟောသူ နည်းပြ(၂)၊ ♪ ဒီစင်မြင့်ထက်ကနေ တစ်ခုခုကို ရောင်းချဖို့ ♪ ♪ ဘယ်တော့မှ မကြိုးစားပါနဲ့ ♪ ♪ မဟုတ်ရင် မင်းရဲ့ ဟောပြောချက်ကို အွန်လိုင်းပေါ်ကို ငါတို့ တင်ပေးမှာ မဟုတ်ပါဘူး။ ♪
All: ♪ Somehow we'll make a TED Talk out of you. ♪
အားလုံး၊ ♪ တစ်နည်းနည်းနဲ့တော့ မင်းဆီကနေ TED ဟောပြောချက်တစ်ခု ငါတို့ တင်ဆက်မှာပါ။
(Music)
(တေးဂီတသံ)
SC 1: Ready to practice one more time?
ပြောဟောသူ နည်းပြ(၁) နောက်တစ်ခေါက်လောက် လေ့ကျင့် ဖို့ အဆင်သင့် ဖြစ်ပြီလား။
DH: Right now?
HD၊ အခုလား။
Stagehand: Break a leg.
ဇတ်ခုံပြင်ဆင်သူ၊ ကံကောင်းပါစေ။
DH: ♪ I'll never remember all this. ♪ ♪ Will the clicker work when I press it? ♪ ♪ Why must Al Gore go right before me? ♪ ♪ Oh man, I'm scared to death. ♪ ♪ I hope I don't pass out onstage ♪ ♪ and now I really wish I wasn't wearing green. ♪
HD၊ ဒါတွေ အကုန်လုံး ကျွန်မ မှတ်မိမှာ မဟုတ်ဘူး။ ♪ ♪ အဝေးထိန်းခလုပ်က နှိပ်လိုက်ရင် အလုပ်လုပ်ပါ့မလား။ ♪ ♪ ဘာဖြစ်လို့ အယ်(လ်)ဂိုးက ကျွန်မရှေ့က သွားရတာလဲ။ ♪ ♪ အမယ်လေး၊ ဒီမှာဖြင့်ကြောက်လို့ သေတော့ မယ်။ ♪ ♪ စင်ပေါ်မှာ သတိမလစ်သွားပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်။ ♪ ♪ အခုတော့ တကယ်ကိုပဲ အစိမ်းရောင် ဝတ်မထားမိချင်လိုက်တာနော်။ ♪
All: ♪ Give your talk. ♪
♪ မင်းရဲ့ ဟောပြောချက်ကို တင်ဆက်လိုက်ပါတော့။ ♪
SC 1: ♪ You must be be sweet like Brené Brown. ♪
ပြောဟောသူ နည်းပြ(၁) ၊ ♪ Brené Brown လို ချိုချို လေး ပြုံးထားရမယ်နော် ♪
All: ♪ Give your talk. ♪
အားလုံး၊ ♪ မင်းရဲ့ ဟောပြောချက်ကို တင်ဆက်လိုက်ပါတော့။ ♪
SC 2: ♪ You must be funny like Ken Robinson. ♪
ပြောဟောသူ နည်းပြ(၂) ၊ ♪ Ken Robinson လို ရယ်စရာကောင်းရမယ်နော်။ ♪
All: ♪ Give your talk. ♪
အားလုံး၊ ♪ မင်းရဲ့ ဟောပြောချက်ကို တင်ဆက်လိုက်ပါတော့။ ♪
SC 3: ♪ You must be cool like Reggie Watts ♪
ပြောဟောသူ နည်းပြ(၃) ၊ ♪ Reggie Watts လို အေးအေးဆေးဆေး ဖြစ်ရမယ်နော်။ ♪
All: ♪ and bring out a prop like Jill Bolte Taylor. ♪
အားလုံး၊ ♪ Jill Bolte Taylor လို စကားထောက် ခေါ်လာရမယ်နော်။ ♪
DH: ♪ My time is running over. The clock now says nil. ♪ ♪ I'm saying my words faster. Understand me still. ♪ ♪ I'm too nervous to give this TED Talk. ♪
HD၊ ♪ ကျွန်မ အချိန်က ကုန်နေပြီ။ အချိန်က သုညကို ပြနေပြီ။ ♪ ♪ ကျွန်မ စကားလုံးတွေကို ပိုပြီးမြန်မြန် ပြောနေမိတယ်။ ကျွန်မကို နားလည်နေကြသေးတယ်။ ♪ ♪ ဒီ TED ဟောပြောချက်ကို တင်ဆက်ဖို့ အရမ်းကြီးကို ကြောက်ရွံြ႕နေမိပါတယ်။ ♪
All: ♪ Don't give up. Rehearse. You're good. ♪ ♪ We'll edit out the mistakes that you make. ♪ ♪ Give your talk. ♪
အားလုံး၊ ♪ လက်မလျှော့ လိုက်နဲ့။ ပြန်ပြီးလေ့ကျင့်ပါဦး။ မင်းကတော်ပါတယ်။ ♪ ♪ မင်းလုပ်တဲ့ အမှားတွေကို ငါတို့ တည်းဖြတ်ပေးမှာပေါ့။ ♪ ♪ မင်းရဲ့ ဟောပြောချက်ကို တင်ဆက်လိုက်ပါတော့။ ♪
DH: ♪ I will be big like Amy Cuddy. ♪
HD၊ ♪ ကျွန်မဟာ Amy Cuddy ဒီလိုမျိုး ကြီးကျယ်ပါလိမ့် မယ်။ ♪
All: ♪ Give your talk. ♪
♪ မင်းရဲ့ ဟောပြောချက်ကို တင်ဆက်လိုက်ပါတော့။ ♪
DH: ♪ I will inspire like Liz Gilbert. ♪
HD၊ ♪ Liz Gilbert လို လှုံ့ဆော်နိူင်ပါလိမ့် မယ်။ ♪
All: ♪ Give your talk. ♪
♪ မင်းရဲ့ ဟောပြောချက်ကို တင်ဆက်လိုက်ပါတော့။ ♪
DH: ♪ I will engage like Hans Rosling ♪ ♪ and release mosquitos ♪ ♪ like Bill Gates. ♪
HD၊ ♪ Hans Rosling လို ဆွဲဆောင်နိူင်ပါလိမ့် မယ်။ ♪ ♪ ပြီးတော့ ခြင်တွေ လွတ်ပေးလိုက်မယ်လေ။ ♪ Bill Gates လို ပေါ့။ ♪
SC 2: ♪ I'll make a TED Talk out of you. ♪ ♪ I'll make a TED Talk out of you. ♪ ♪ I'll make a TED Talk out of you. ♪ ♪ I'll make a TED Talk out of you. ♪ ♪ I'll make a TED Talk out of you. ♪
ပြောဟောသူ နည်းပြ(၂) ၊ ♪ မင်းအကြောင်းကို TED ဟောပြောချက်တစ်ခု တင်ဆက်လိုက်မယ်။ ♪ ♪ မင်းအကြောင်းကို TED ဟောပြောချက်တစ်ခု တင်ဆက်လိုက်မယ်။ ♪ ♪ မင်းအကြောင်းကို TED ဟောပြောချက်တစ်ခု တင်ဆက်လိုက်မယ်။ ♪ ♪ မင်းအကြောင်းကို TED ဟောပြောချက်တစ်ခု တင်ဆက်လိုက်မယ်။ ♪ ♪ မင်းအကြောင်းကို TED ဟောပြောချက်တစ်ခု တင်ဆက်လိုက်မယ်။ ♪
(Applause)
(လက်ခုပ်သံများ)
["Brought to you by TED staff and friends"]
(ဒီအစီအစဉ်ကို TED ဝန်ထမ်းတွေနဲ့ အပေါင်းအသင်းများက သင့်ထံအရောက် တင်ဆက်ပေးထားပါတယ်။)
(Music)
(တေးဂီတသံ)