(Music)
(ဂီတသံ)
(Music ends)
( ဂီတသံ အဆုံးသတ်သည်။)
(Applause)
(လက်ခုပ်သံများ)
(Applause ends)
(လက်ခုပ်သံ ဆုံးသည်။)
Hi, everyone. I'm Sirena. I'm 11 years old and from Connecticut. (Audience cheers)
အားလုံး မင်္ဂလာပါ။ ကျွန်မက Sirena ပါ။ ကျွန်မက ၁၁ နှစ်၊ Connecticut က ပါ။ (ပရိသတ် အားပေးသံများ)
(Applause)
(လက်ခုပ်သံများ)
Well, I'm not really sure why I'm here.
ဘာကြောင့် ကျွန်မ ဒီမှာရှိနေတာကို တကယ်ကို ကျွန်မ မသေချာဘူး။
(Laughter)
(ရယ်သံများ)
I mean, what does this have to do with technology, entertainment and design? Well, I count my iPod, cellphone and computer as technology, but this has nothing to do with that.
ဆိုလိုတာက ဒါက နည်းပညာ၊ ဖျော်ဖြေရေးနဲ့ ဒီဇိုင်းနဲ့ ပတ်သက်ဖို့လိုတယ်မို့လား။ ကောင်းပါပြီ၊ ကျွန်မက iPod၊ ဆဲလ်ဖုန်းနဲ့ ကွန်ပြူတာကို နည်းပညာအဖြစ် မှတ်ယူပေမဲ့ ဒါက ဒါနဲ့ မပတ်သက်ပါဘူး။
So I did a little research on it. Well, this is what I found. Of course, I hope I can memorize it.
ဒါကြောင့် ဒီအကြောင်း သုတေသနလေးတစ်ခု လုပ်ခဲ့တယ်။ ကဲ ဒါကတော့ ကျွန်မ တွေ့ရှိခဲ့တာပါ။ ဒါကို ကျွန်မ အာဂုံဆောင်နိုင်တယ် ထင်တာပဲ။
(Clears throat)
(လည်ချောင်းရှင်းသည်။)
The violin is made of a wood box and four metal strings. By pulling a string, it vibrates and produces a sound wave, which passes through a piece of wood called a bridge, and goes down to the wood box and gets amplified, but ... let me think.
ဒီတယောက သစ်သားပုံးတစ်ပုံး သတ္တုကြိုး လေးချောင်းနဲ့လုပ်တာ။ ကြိုးတစ်ချောင်းကို ဆွဲတာက တုန်ခါပြီး အသံလှိုင်းတစ်ခု ထုတ်တယ် ဒါက မြင်းမိုရ်လို့ခေါ်တဲ့ သစ်သားစကိုဖြတ်ကာ သစ်သားပုံးဆီ ရောက်သွားပြီး အသံကို ချဲ့ပေးလိုက်တယ်၊ ဒါပေမဲ့ စဉ်းစားပါရစေ။
(Laughter)
(ရယ်သံများ)
Placing your finger at different places on the fingerboard changes the string length, and that changes the frequency of the sound wave. (Sighs) Oh, my gosh!
လက်ကွက်ပြားပေါ်က နေရာအမျိုးမျိုးမှာ လက်ချောင်းကို နေရာချတာက ကြိုးအလျားကို ပြောင်းတယ်၊ ဒီပြောင်းလဲမှု တွေက အသံလှိုင်း ကြိမ်နှုန်းတွေပါ။ (သက်ပြင်းချ) အိုး အမလေး။
(Laughter)
(ရယ်သံများ)
OK, this is sort of technology, but I can call it a 16th-century technology. But actually, the most fascinating thing that I found was that even the audio system or wave transmission nowadays are still based on the same principle of producing and projecting sound. Isn't that cool?
အိုကေ ဒါက နည်းပညာလိုလိုပဲ၊ ဒါပေမဲ့ ဒါက ၁၆ ရာစု နည်းပညာလို့ ခေါ်နိုင်ပါတယ်။ ဒါပေမဲ့ တကယ်ကျွန်မ တွေ့ရှိခဲ့တဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး အရာက အခုခေတ် အသံစနစ် (သို့) လှိုင်း ထုတ်လွှင့်မှုက အသံကို ထုတ်လွှင့်ခြင်းနဲ့ ထုတ်လွှင့်ခြင်းရဲ့ တူညီတဲ့ အခြေခံသဘောတရားကို အခြေခံနေဆဲပါ။ ဒါက မမိုက်ဘူးလား။
(Laughter)
(ရယ်သံများ)
(Applause)
(လက်ခုပ်သံများ)
Design -- I love its design. I remember when I was little, my mom asked me, "Would you like to play the violin or the piano?" I looked at that giant monster and said to myself -- "I am not going to lock myself on that bench the whole day!"
ဒီဇိုင်း၊ ဒါရဲ့ ဒီဇိုင်းကို ကျွန်မ နှစ်သက်တယ်။ ကျွန်မ ကလေးဘဝတုန်းက အမေ ကျွန်မကို မေးခဲ့တာ မှတ်မိတယ်။ " သမီးက တယောထိုးချင်တာလား၊ စန္ဒရားတီးချင်တာလား" ဒီသတ္တဝါကြီးကို ကြည့်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တာက "ကျွန်မက တစ်နေ့လုံး ခုံတန်းပေါ်မှာ ကိုယ့်ကိုယ်ကိုယ် သော့ခတ်ထားမှာမဟုတ်ဘူး။"
(Laughter)
(ရယ်သံများ)
This is small and lightweight. I can play from standing, sitting or walking. And, you know what? The best of all is that if I don't want to practice, (Whispering) I can hide it.
ဒါက သေးငယ်ပြီး ပေါ့ပါးတယ်။ ရပ်ရင်း၊ ထိုင်ရင်း လမ်းလျှောက်ရင်း တီးလို့ရတယ်လေ။ ဘာလဲဆိုတာ သိကြလား။ အားလုံးထက် အကောင်းဆုံးက ကျွန်မ မလေ့ကျင့်ချင်ဘူးဆိုရင် (လေသံဖြင့်) ဝှက်ထားလို့ရတယ်လေ။
(Laughter)
(ရယ်သံများ)
The violin is very beautiful. Some people relate it as the shape of a lady. But whether you like it or not, it's been so for more than 400 years, unlike modern stuff [that] easily looks dated. But I think it's very personal and unique that, although each violin looks pretty similar, no two violins sound the same -- even from the same maker or based on the same model.
ဒီတယောက အင်မတန် လှပါတယ်။ လူတချို့က အမျိုးသမီးတစ်ယောက်ရဲ့ သဏ္ဌာန်နဲ့ ဆက်စပ်ကြတယ်။ ဒါပေမဲ့ သင် ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ဒါက နှစ်ပေါင်း ၄၀၀ ကျော်ခဲ့ပါပြီ။ အလွယ်တကူ ခေတ်အောက်တတ်ရတဲ့ ခေတ်ပေါ်ပစ္စည်းနဲ့မတူပါဘူး။ ဒါပေမဲ့ သိပ် တစ်ကိုယ်ရေဆန်ပြီ။ ထူးခြားတယ်လို့ ထင်တယ်။ တယောတစ်လက်စီဟာ အတော် ဆင်ပုံရပေမဲ့ အသံထွက်တာတူတဲ့ တယော နှစ်လက်မရှိဘူး။ တူညီတဲ ပြုလုပ်သူဆီက (သို့) တူညီတဲ့ ပုံစံကို အခြေခံတာတောင်ပါ။
Entertainment -- I love the entertainment. But actually, the instrument itself isn't very entertaining. I mean, when I first got my violin and tried to play around on it, it was actually really bad, because it didn't sound the way I'd heard from other kids -- it was so horrible and so scratchy. So, it wasn't entertaining at all. But besides, my brother found this very funny: Yuk! Yuk! Yuk!
ဖျော်ဖြေရေး၊ ကျွန်မ ဖျော်ဖြေရေးကို ကြိက်တယ်၊ ဒါပေမဲ့ တကယ်ကတော့ ဒီတူရိယာ ကိုယ်၌က သိပ်ပျော်စရာမကောင်းဘူး ဆိုလိုတာက ကျွန်မရဲ ပထမဆုံး တယောကို ရပြီး လျှောက်တီးဖို့ ကြိုးစားတော့ တော်တော့ကို ဆိုးပါတယ်။ ဘာလို့ဆိုတော့ အခြားကလေးတွေဆီက ကျွန်မ ကြားခဲ့တာမျိုး အသံမထွက်ခဲ့ဘဲ အတော်ကို ဆိုးပြီး၊ တဂျစ်ဂျစ်ဖြစ်နေလို့ပါ။ ဒီတော့ လုံးဝကို ပျော်စရာမကောင်းခဲ့ဘူး။ ဒါပေမဲ့ ဒါ့အပြင် ကျွန်မရဲ့အကိုက ဒါ အတော် ရယ်စရာကောင်းတယ်လို့ထင်တယ်။ စိတ်ပျက်ဖို့ ကောင်းလိုက်တာ။
(Laughter)
(ရယ်သံများ)
A few years later, I heard a joke about the greatest violinist, Jascha Heifetz. After Mr. Heifetz's concert, a lady came over and complimented him: "Oh, Mr. Heifetz, your violin sounded so great tonight!" And Mr. Heifetz was a very cool person, so he picked up his violin and said, "Funny -- I don't hear anything."
နှစ်အနည်းငယ်အကြာမှာ အကြီးကျယ်ဆုံး တယောသမား Jascha Heifetz အကြောင်း ဟာသတစ်ခုကြားတယ် Mr. Heifetz ရဲ့ဖျော်ဖြေပွဲအပြီးမှာ အမျိုးသမီးတစ်ယောက်က သူ့ဆီလာကာ ချီးကျုးတယ် "အိုး၊ Mr. Heifetz ရယ်၊ ရှင့်တယောက အသံထွက် တော်တော် ကောင်းတာပဲ။" Mr. Heifetz ဟာ အလွန် တည်ငြိမ်သူဆိုတော့ သူ့တယောကို ကောက်ယူပြီး ပြောတာက "ရယ်စရာပဲ၊ ကျုပ် ဘာမှ မကြားရဘူးဗျ။"
(Laughter)
(ရယ်သံများ)
Now I realize that as the musician, we human beings, with our great mind, artistic heart and skill, can change this 16th-century technology and a legendary design to a wonderful entertainment. Now I know why I'm here.
အခု သဘောပေါက်သွားတာက ဂီတပညာရှင်အနေနဲ့ ကြီးမားတဲ့ စိတ်၊အနုပညာဆန်တဲ့ နှလုံးသားနဲ့ ကျွမ်းကျင်မှုရှိတဲ့ ကျွန်မတို့ လူသားတွေဟာ ၁၆ ရာစု နည်းပညာနဲ့ အထင်က ဒီဇိုင်းကို အံ့ဖွယ် ဖျော်ဖြေမှုတစ်ခုအဖြစ် ပြောင်းလဲနိုင်တာပါ။ အခုတော့ ကျွန်မ ဘာကြောင့် ဒီမှာရှိတာသိပါပြီ။
(Music)
(ဂီတသံ)
(Music ends)
(ဂီတသံ ဆုံးသည်။)
(Applause)
(လက်ခုပ်သံများ)
At first, I thought I was just going to be here to perform, but unexpectedly, I learned and enjoyed much more. But ... although some of the talks were quite up there for me.
ပထမတော့ ဖျော်ဖြေဖို့ ဒီမှာ ရှိနေရုံပဲ လို့ တွေးမိခဲ့ပေမဲ့ မျှော်လင့်မထားဘဲ အများကြီး ပိုပြီး သိရှိပြီး နှစ်သက်သွားခဲ့တယ်။ ဒါပေမဲ့ ဟောပြောချက်တချို့က ကျွန်မအတွက် အတော်လေး မြင့်နေပေမဲ့ပေါ့လေ။
(Laughter)
(ရယ်သံများ)
Like the multi-dimension stuff. I mean, honestly, I'd be happy enough if I could actually get my two dimensions correct in school.
အတိုင်းအတာစုံပါတဲ့ အရာလို ဆိုလိုတာက ဝန်ခံရရင် ကျောင်းမှာ အတိုင်းအတာ နှစ်ခုကို မှန်နိုင်ခဲ့တယ်ဆိုရင် ပျော်လောက်မှာပါ။
(Laughter)
(ရယ်သံများ)
But actually, the most impressive thing to me is that -- well, actually, I would also like to say this for all children is to say thank you to all adults, for actually caring for us a lot, and to make our future world much better. Thank you.
ဒါပေမဲ့ တကယ်တော့ ကျွန်မအတွက် အထင်ကြီးစရာ အဖြစ်ဆုံးက ဒါပါ။ တကယ်ပဲ ဒါကို ကလေးအားလုံးအတွက်ပါ ပြောချင်တာက ကျွန်မတို့ကို အများကြီး ဂရုစိုက်တာ၊ အများကြီး ပိုကောင်းမယ့် ကျွန်မတို့ရဲ အနာဂတ်ကမ္ဘာကို ဖန်တီးပေးတာအတွက် လူကြီးတွေကို ကျေးဇူးတင်စကား ဆိုချင်တာပါ။ ကျေးဇူးပါ။
(Applause)
(လက်ခုပ်သံများ)
(Music)
(ဂီတသံ)
(Music ends)
(ဂီတသံ ဆုံးသည်။)
(Applause)
(လက်ခုပ်သံများ)
(Applause ends)
(လက်ခုပ်သံ ဆုံးသည်။)
(Music)
(ဂီတသံ)
(Music ends)
(ဂီတသံ ဆုံးသည်။)
(Applause)
(လက်ခုပ်သံများ)