About 1,600 years ago, St. Augustine wrote "The Confessions," which was the story of his youthful descent into sin and his later conversion to Christianity. And book two of “The Confessions” has a great beginning: "I propose now to set down my past wickedness and a carnal corruption of my soul." So you expect sex.
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၆၀၀ ခန့်က St. Augustine က “The Confessions" ကို ရေးခဲ့ပြီး ဒါက သူ့ရဲ့ ပျိုရွယ်စဉ် အပြစ်အတွင်း သက်ဆင်းမှုနဲ့ နောက်ပိုင်း ခရစ်ယာန်ဘာသာကို ပြောင်းသွားတဲ့အကြောင်း ဇာတ်လမ်းပါ။ "The Confessions" ရဲ့ စာအုပ် နှစ်မှာ ပါတဲ့ ပြောင်မြောက်တဲ့ အစတစ်ခုက "အတိတ်က ဆိုးသွမ်းမှုနဲ့ စိတ်ဝိညာဉ်ရဲ့ သွေးသားဆန္ဒ အကျင့်ပျက်မှုကို ရေးမှတ်ဖို့ အခု ကြံရွယ်တာပါ"တဲ့။ လိင်ကိစ္စလို့ မျှော်လင့်ရတယ်။
(Laughter)
(ရယ်သံများ)
But to the disappointment of readers over the centuries, the sin that Augustine talks about... isn’t carnal at all. It has to do with pears. He and his friends break into an orchard and they steal some pears. And that was it. They didn’t have anything against the person who owned the orchard. They weren’t hungry; they threw the pears to pigs.
ဒါပေမဲ့ ရာစုနှစ်တွေတစ်လျှောက် စာဖတ်သူတွေရဲ့ စိတ်ပျက်မှုက Augustine ပြောဆိုခဲ့တဲ့ အပြစ်က သွေးသားဆန္ဒ လုံးဝမဟုတ်ဘူး။ ဒါက သစ်တော်သီးတွေနဲ့ ဆက်နွှယ်နေတာပါ။ သူနဲ့ သူ့သူငယ်ချင်းတွေက သစ်သီးခြံထဲကို ခိုးဝင်ပြီး သစ်တော်သီးတချို့ကို ခိုးယူကြတယ်။ အဲဒါပဲ။ သစ်သီးခြံ ပိုင်ရှင်ကို ဆန့်ကျင်တာ တစ်ခုမှ သူတို့ မလုပ်ခဲ့ဘူး။ သူတို့က ဆာမနေဘူး။ သစ်တော်သီးတွေကို ဝက်တွေဆီ ပစ်ပေးခဲ့တာပါ။
What stunned Augustine and disturbed him was that he seemed to be motivated by a desire just to do wrong. He writes, "If any part of one of those pears passed my lips, it was the sin that gave it flavor. I had no motivation for wickedness except wickedness itself. I was foul and I loved it."
Augustine ကို အံ့အားသင့်ပြီး စိတ်အနှောင့်အယှက်ဖြစ်စေတာက အမှားလုပ်ချင်တဲ့ဆန္ဒက သူ့ကို လှုံ့ဆော်ခံရပုံရတာပါ။ သူ ရေးထားတာက "ဒီသစ်တော်သီးတစ်လုံးရဲ့ အပိုင်းတစ်ခုက ငါ့နှုတ်ခမ်းကို ကျော်သွားရင် ဒါကို အရသာ အရသာပေးလိုက်တာက အပြစ်ပါ။ ဆိုးသွမ်းမှု ကလွဲလို့ ဆိုးသွမ်းမှု အတွက် ငါ့မှာ လှုံ့ဆော်မှု မရှိခဲ့ဘူး။ ငါက ဆိုးယုတ်တယ်၊ ဒါကို ချစ်တယ်"လို့ပါ။
(Laughter)
(ရယ်သံများ)
Now I'm a psychologist and I was interested in real-life stories of perverse actions, so I started The Perversity Project where I invited people to send me stories about perverse things that they did. I defined these acts as "when you choose to do something you know is wrong, morally or otherwise, at least, in part, because it's wrong."
ကျွန်တော်က စိတ်ပညာရှင်တစ်ယောက်ဖြစ်ပြီး အရွဲ့တိုက်တဲ့ လုပ်ရပ်တွေနဲ့ပတ်သက်တဲ့ ဘဝဇာတ်လမ်းတွေကို စိတ်ဝင်စားတော့ လူတွေကို လုပ်ခဲ့တဲ့ အရွဲ့တိုက်မှုတွေအကြာင်း ဇာတ်လမ်းတွေ ပို့ပေးဖို့ ဖိတ်ခေါ်တဲ့ The Perversity Project ကိုစတင်ခဲ့တယ်။ ဒီလုပ်ရပ်တွေကို အနက်ဖွင့်တာက "မှားတယ်လို့ သိနေတာ တစ်ခုကို လုပ်ဖို့ ရွေးတဲ့အခါ၊ ကိုယ်ကျင့် ဒါမှမဟုတ် တခြားအရ အနည်းဆုံး တစ်စိတ်တစ်ပိုင်း မှားနေလို့ပါ” ပါ။
So one of the first stories I got was, "Flirted with a woman's boyfriend knowing fully well he liked me. I knew I could steal him if I wanted, but I didn't want to do that. I just wanted her to feel uncomfortable whenever the three of us were in the same room."
ရခဲ့တဲ့ ပထမဆုံး ဇာတ်လမ်းတစ်ပုဒ်က "ကျွန်မကို ကြိုက်တာ သိနေတဲ့ အမျိုးသမီးရဲ့ ရည်းစားနဲ့ ပရောပရည်လုပ်တာ။ လိုချင်ရင် သူ့ကို ခိုးယူလို့ရတာ သိပေမဲ့၊ ဒါကို မလုပ်ချင်ဘူး။ ကျွန်မတို့သုံးယောက် တစ်ခန်းထဲမှာ ရှိနေတိုင်း သူ့ကို ကသိကအောက်ဖြစ်စေချင်ရုံပါ။
(Laughter)
(ရယ်သံများ)
"Causing people pain is wrong, but that's exactly why I did it." And in fact, this is the plot of the Dolly Parton song "Jolene."
" လူတွေကို နာကျင်စေတာ မှားပေမဲ့၊ ဒါက ကျွန်မ လုပ်ခဲ့တာ အတိအကျပဲ"တဲ့။ တကယ်တော့ ဒါက Dolly Parton သီချင်း "Jolene" ရဲ့ ဇာတ်ကွက်ပါ။
(Laughter)
(ရယ်သံများ)
Sometimes it's self destructive. A young man wrote to me, "Ice skating on a pond, dark unfrozen spot 30 yards out, instead of avoiding it, I skate towards it, knowing but wondering, knowing but wondering... and splash!"
တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတာပါ။ လူငယ်တစ်ယောက်က ရေးတာက "ကန်တစ်ကန်မှာ ရေခဲပြင်စကိတ်စီးရင်း မှောင်မဲ၊ အေးခဲနေတဲ့ ကိုက် ၃၀ အကွာ နေရာကို ရှောင်မယ့်အစား၊ အဲဒီဘက်ကို စကိတ်စီးသွားတယ်၊ သိနေပေမဲ့ အံ့သြရင်း၊ အံ့သြရင်း၊ ဗွမ်းခနဲကျသွားတယ်။”
(Laughter)
(ရယ်သံများ)
Now psychologists have long been interested in these sort of violent, disruptive, perverse acts and the kinds of people who do them. An example people often give is the Joker from the “Batman” comics. In Christopher Nolan's film "The Dark Knight," Alfred, Batman’s butler, describes the Joker by saying, "Some men can't be bought, bullied, reasoned or negotiated with. Some men just want to watch the world burn." And psychologists have thought up a "need for chaos" scale that gives you a bunch of statements and how much you agree with them will tell you how much you want to watch the world burn.
ဒီလိုအကြမ်းဖက်၊ အနှောင့်အယှက်ဖြစ်၊ အပြစ်ရှိတဲ့ လုပ်ရပ်တွေနဲ့ ဒါတွေကို လုပ်တဲ့သူတွေကို စိတ်ပညာရှင်တွေ စိတ်ဝင်စားခဲ့တာ ကြာပါပြီ။ လူတွေ မကြာခဏ ပေးလေ့ရှိတဲ့ ဥပမာတစ်ခုက "Batman" ကာတွန်းတွေထဲက Joker ပါ။ Christopher Nolan ရဲ့ ရုပ်ရှင် "The Dark Knight" မှာ Batman ရဲ့ ဘဏ္ဍာစိုး Alfred က "တချို့ကို သိမ်းသွင်း၊အနိုင်ကျင့်၊အကြောင်းပြ၊ ညှိနှိုင်းလို့ မရဘူး။တချို့က ကမ္ဘာ မီးလောင်တာကိုပဲ ကြည့်ချင်တာ" လို့ ပြောရင်း Joker ကို သရုပ်ဖော်ထားတယ်။ စိတ်ပညာရှင်တွေက အဆိုပြုချက် အတော်များများ ပေးတဲ့ "ပရမ်းပတာ လိုအပ်မှု" စကေးကို ကြံဆခဲ့ပြီး သူတို့နဲ့ ခင်ဗျား ဘယ်လောက် သဘောတူတာက ကမ္ဘာ မီးလောင်တာ ဘယ်လောက် ကြည့်ချင်တာကို ပြောပြမှာပါ။
So do this quietly in your head. "I need chaos around me. It's too boring if nothing is going on." "Sometimes I just like destroying beautiful things."
ဒါကို ခေါင်းထဲမှာ တိတ်တဆိတ် လုပ်ပါ။ "ဘေးလည်မှာ ပရမ်းပတာဖြစ်မှု လိုတယ်။ ဘာမှမဖြစ်ရင်၊ ငြီးငွေ့စရာကြီး။" "တစ်ခါတလေ လှပတဲ့ အရာတွေကို ဖျက်ဆီးချင်တယ်။"
But not all the stories I got had that kind of nature. Some were a little bit more benign. Here's one of my favorites. "On one occasion in my early 20s, I was out with a friend. He decided to get himself an ice cream and before he had a chance to try it, I stuck my finger in it."
ဒါပေမဲ့ ကျွန်တော် ရတဲ့ ဇာတ်လမ်းအားလုံးက ဒီလို သဘာဝမျိုး မဟုတ်ဘူး။ တချို့က နည်းနည်း ပိုကြင်နာတတ်တယ်။ ဒီမှာ အကြိုက်ဆုံး တစ်ခုပါ။ " ၂၀ ကျော်တုန်းက သူငယ်ချင်းတစ်ယောက်နဲ့ အပြင်ထွက်တယ်။ သူက ကိုယ်တိုင် ရေခဲမုန့် ဝယ်ဖို့ ဆုံးဖြတ်လိုက်ပြီး သူ မြည်းဖို့ အခွင့်အရေးမရခင် ကျွန်တော်က လက်နဲ့ ထိုးလိုက်တယ်။"
(Laughter)
(ရယ်သံများ)
"I tried to play it off as a joke, but really I had the sudden thought, ’Man, it would be -- messed up if I just jammed my finger in his ice cream.'"
"ကျွန်တော် ဒါကို ရယ်စရာ လုပ်ဖို့ ကြိုးစားပေမဲ့၊ 'သူ့ ရေခဲမုန့်ထဲကို ကျွန်တော့လက် ထိုးသွင်းလိုက်ရင်၊ ဗြောင်းဆန်သွားမှာပေါ့”လို့ ရုတ်တရက် တွေးမိခဲ့တယ်။
Someone else wrote me, "When I was in a professional choir, at every concert, I felt the desire to sing a few notes very incorrectly on purpose. To this day, I don't completely understand why." Someone else wrote me, and this is kind of the sweetest, saddest little example of modest perversity: “Sometimes I walk on the grass instead of the path just because I know it's wrong."
လူတစ်ယောက်က ရေးတာက၊ " ပညာရှင် သံစုံတီးဝိုင်းမှာ ရှိတုန်းက ဖျော်ဖြေပွဲတိုင်းမှာ မှားယွင်းတဲ့ သင်္ကေတ တချို့ကို တမင် သီဆိုချင်စိတ်ဖြစ်ခဲ့တယ်။ ဒီနေ့အထိ ဘာကြောင့်လဲဆိုတာ လုံးဝနားမလည်ဘူး"တဲ့။ အခြားလူတစ်ယောက်က ရေးတာက၊ ဒါက တော်သင့်တဲ့ အပြစ်ရှိမှုရဲ့ အချိုဆုံး၊ ဝမ်းနည်းစရာ အကောင်းဆုံး နမူနာမျိုးပါ။ "တစ်ခါတလေ မှားတယ်ဆိုတာ သိတဲ့အတွက် လမ်းအစား မြက်ခင်းပေါ် လျှောက်သွားတယ်"တဲ့။
(Laughter)
(ရယ်သံများ)
Now a lot of perversity makes the world worse. I wouldn't want an Uber driver who scores high on a "need for chaos" scale. And I don't want a friend or a colleague either.
အရွဲ့တိုက်မှုများစွာက ကမ္ဘာကြီးကို ပိုဆိုးစေတယ်။ "ပရမ်းပတာ လိုအပ်မှု" စကေးမှာ အမှတ်မြင့်တဲ့ Uber ယာဉ်မောင်းကို မလိုချင်ဘူး။ သူငယ်ချင်း၊ လုပ်ဖော် ကိုင်ဖက်ကိုလည်း မလိုချင်ဘူး။
But sometimes, I'll suggest to you, perversity can be clever, creative, beautiful. And there are some examples from art.
ဒါပေမဲ့ တစ်ခါတလေ ကျွန်တော် အကြံပြုမှာက၊ အရွဲ့တိုက်မှုက ပါးနပ်၊ ဖန်တီး၊ လှပနိုင်တာပါ။ အနုပညာကနေ နမူနာတချို့လည်း ရှိပါတယ်။
There was an illustrious art exhibition in New York City in 1917, and they said, "You could send in anything you want, we'll accept everything." So Marcel Duchamp sent in a urinal, described [as] a fountain, and they rejected it. They said, "No, no, we just accept artwork." But Duchamp insisted it was artwork and the resulting controversy turned out to be one of the pivotal moments in the history of modern art.
၁၉၁၇ ခုနှစ် နယူးယောက်မှာ ကျော်ကြားတဲ့ အနုပညာပြပွဲတစ်ခု ရှိခဲ့ပြီး သူတို့က "ပို့ချင်တာ ပို့နိုင်တယ်၊ အရာတိုင်းကို လက်ခံမယ်" တဲ့။ Marcel Duchamp က ရေပန်းလို့ ဖော်ပြထားတဲ့ ဆီးခွက်ကို ပို့တော့ သူတို့ ငြင်းပယ်ခဲ့တယ်။ သူတို့က "အနုပညာလက်ရာကိုပဲ လက်ခံတာ"တဲ့။ ဒါပေမဲ့ Duchamp က ဒါက အနုပညာလက်ရာလို့ အခိုင်အမာပြောပြီး ရလာ တဲ့ အငြင်းပွားမှုဟာ ခေတ်သစ် အနုပညာ သမိုင်းမှာ အဓိက ကာလတစ်ခုဖြစ်လာခဲ့တယ်။
Or take Banksy. A few years ago, Banksy sold a painting “Girl with Balloon” at Sotheby’s, at auction, and he set up the frame so that the moment the painting was sold, the moment the gavel went "boom," a machine in the frame shredded the painting halfway through, horrifying the audience. But... getting on the front pages of newspapers all over the world. Later on, describing it, Banksy quotes a Russian anarchist who says, "The urge to destroy is also a creative urge."
ဒါမှမဟုတ် Banksy ကို ကြည့်ပါ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က Banksy က " Girl with Balloon" ပန်းချီကား ကို Sotheby လေလံပွဲမှာမှာ ရောင်းခဲ့တယ်။ ပန်းချီကားကို ရောင်းလိုက်တဲ့အချိန်မှာ သူက ဘောင်တပ်လိုက်တော့ ဘောင်ထဲက စက်တစ်လုံးက ပန်းချီကားကို ထက်ပိုင်းပြတ် မွစာကြဲကာ “ဝုန်’ခနဲ” မြည်တော့ ပရိသတ်ကို ထိတ်လန့်စေခဲ့တယ်။ ဒါပေမဲ့...... ကမ္ဘာတစ်ဝန်းက သတင်းစာတွေရဲ့ မျက်နှာဖုံး သတင်းမှာ ပါသွားတယ်။ နောက်ပိုင်း ဒါကို ဖော်ပြရာမှာ Banksy က "ဖျက်ဆီးဖို့ လှုံ့ဆော်မှုက ဖန်တီးတဲ့ တိုက်တွန်းမှုတစ်ခု" လို့ပြောတဲ့ ရုရှား မင်းမဲ့ဝါဒီတစ်ယောက်ကို ကိုးကားတယ်။
Or take comedy. Perversity is part and parcel of comedy. So much of what's funny is when people do things that are irrational or immoral. In the right hands, perversity is such a source of joy.
ဒါမှမဟုတ် ဟာသကို ကြည့်ပါ။ အရွဲ့တိုက်မှုက ဟာသရဲ့ တစ်စိတ်တစ်ပိုင်းပါ။ ရယ်စရာ အတော်များများက ယုတ္တိမရှိတဲ့ ဒါမှမဟုတ် အကျင့်ပျက်တာတွေကို လူတွေ လုပ်တဲ့အခါပါ။ မှန်ကန်တဲ့ လက်ထဲမှာ အရွဲ့တိုက်မှုက ပျော်ရွှင်စရာ ရင်းမြစ်တစ်ခုပါ။
Perversity can also be powerful. Rory Sutherland wrote, "Irrational people are much more powerful than rational people." He gave two reasons why this is so. The first is, their threats are so much more convincing.
အရွဲ့တိုက်မှုက အစွမ်းလည်းထက်နိုင်တယ်။ Rory Sutherland က ရေးသားခဲ့တာက ဆင်ခြင်တုံတရားမဲ့သူတွေဟာ ဆင်ခြင်တုံတရားရှိသူတွေထက် ပိုအစွမ်းထက်တယ်" ဘာကြောင့် ဒီလိုဖြစ်လဲဆိုတဲ့ အကြောင်းရင်း နှစ်ခုကို သူ ပေးခဲ့တယ်။ ပထမက သူတို့ခြိမ်းခြောက်မှုတွေက ပိုယုံကြည်လောက်တာပါ။
Suppose I'm in a confrontation with you and you threaten me and you’re a rational, reasonable... person. So I know your threats ...
ကျွန်တော်က ခင်ဗျားနဲ့ ထိပ်တိုက်တွေ့တယ်ဆိုပါစို့ ခင်ဗျားက ခြိမ်းခြောက်တယ်၊ ခင်ဗျားက ဆင်ခြင်တုံတရားရှိတဲ့ လူပါ။ ဒီတော့ ခြိမ်းခြောက်မှုတွေကို သိတယ်၊
Woman: Ehh.
အမျိုးသမီး၊ အား။
(Laughter)
(ရယ်သံများ)
PB: Well, I know your threats are going to be normal, proportional and reasonable. But, if as somebody is hinting here, you’re a perverse agent, I have no idea what you're capable of and you're far more frightening to me.
PB: ခြိမ်းခြောက်မှုတွေက သာမန်၊ အချိုးကျ ပြီး အကျိုးသင့်အကြောင်းဖြစ်မှာကို သိတယ်။ ဒါပေမဲ့ တစ်ယောက်ယောက်က အရိပ်အမြွက်ပြော နေသလို ခင်ဗျားက အရွဲ့တိုက်တဲ့သူဆိုရင် ခင်ဗျား လုပ်နိုင်တာကို မသိတော့ ခင်ဗျားက ကျွန်တော့်အတွက် ပိုကြောက်စရာကောင်းနေတယ်။
Second reason is, if you're wholly predictable, people learn to hack you. So again, if you're rational and I have to outsmart you, figure out what you're going to do next, I figure you’ll do the rational thing. If you're perverse, you're harder to predict. And so harder to hack.
ဒုတိယ အကြောင်းရင်းက ခင်ဗျားကို လုံးဝ ခန့်မှန်းလို့ရရင်၊ နှောက်ယှက်ဖို့ သိတယ်။ ခင်ဗျားက ဆင်ခြင်တုံတရားရှိတော့ ခင်ဗျားကို ကျောဖို့လိုတယ်၊ နောက်ဘာလုပ်မလဲလို့ အဖြေရှာရင် ဆင်ခြင်တုံတရားရှိတာ လုပ်မယ်ထင်တယ်။ အရွဲ့တိုက်တာဆိုရင်၊ ခန့်မှန်းဖို့ ပိုခက်တယ်။ ဒီတော့ နှောင့်ယှက်ဖို့ ပိုခက်တယ်။
Edgar Allan Poe, describing perversity, described, talked about imps, little magical demons in our heads that cause us to do terrible things. But like I said, I'm a psychologist, I don't believe in imps. I think what we do has reasons, has motivations. And I think for perverse actions there is a range of them.
အရွဲ့တိုက်မှုအကြောင်း ဖော်ပြတဲ့ Edgar Allan Poe က မှင်စာတွေအကြောင်း ပြောပြတယ်။ ခေါင်းထဲက နတ်ဆိုးလေးတွေက ကြောက်စရာကောင်းတဲ့အရာတွေကို လုပ်စေတာပါ။ ဒါပေမဲ့ ပြောခဲ့သလိုပဲ ကျွန်တော်က စိတ်ပညာရှင်ပါ။ မှင်စာတွေကို မယုံဘူး။ ကျွန်တော်တို့ လုပ်တာမှာ အကြောင်းပြချက်တွေ၊ လှုံ့ဆော်မှုတွေ ရှိတယ် ထင်တယ်။ အရွဲ့တိုက်တဲ့ လုပ်ရပ်တွေအတွက် ဒါတွေထဲမှာ အမျိုးမျိုးရှိတယ်လို့ ထင်တယ်။
One of them was mentioned by Augustine. So later on, after describing the incident with the pears, he writes, "I would not have done it by myself. My satisfaction did not lie in the pears, it lay in the crime itself, committed in league with a gang of sinners." The social force drove him.
ဒါတွေထဲက တစ်ခုကို Augustine က ဖော်ပြ ခဲ့တယ်။ နောက်ပိုင်း ဒီအဖြစ်ကို သစ်တော်သီးတွေနဲ့ ဖော်ပြပြီးနောက်မှာ သူ ရေးတာက "ဒါကို ငါ တစ်ယောက်တည်း လုပ်မှာမဟုတ်ဘူး။ ငါ့ရဲ့ ကျေနပ်မှုက သစ်တော်သီးတွေထဲမှာ မရှိဘူး၊ ပြစ်မှုထဲမှာ ရှိတာ၊ အပြစ်သားဂိုဏ်းနဲ့အတူ ငါ ကျူးလွန်မိတယ်"လို့ပါ။ လူမှု အင်အားက သူ့ကို တွန်းအားပေးတယ်။
And there are other things, too. One force that really interests me goes under many names: self-governance, freedom, liberty, agency. Call it autonomy. Call it a desire to be free to do what you want, free of the constraints of other people and free also of the constraints of rationality and morality.
တခြားအရာတွေလည်း ရှိသေးတယ်။ ကျွန်တော် တကယ်စိတ်ဝင်စားတဲ့ အင်အားတစ်ခုက နာမည်အများကြီး အောက်မှာပါ၊ ကိုယ်ပိုင်လုပ်ပိုင်ခွင့်၊ လွတ်လပ်မှု၊ လွတ်မြောက်မှု၊ ဆက်နွယ်မှု။ ကိုယ်ပိုင်လုပ်ပိုင်ခွင့်လို့ ခေါ်ပါ။ လုပ်ချင်ကို လွတ်လပ်စွာ လုပ်ချင်တဲ့ ဆန္ဒလို့ ခေါ်ပါ၊ အခြားသူတွေရဲ့ ကန့်သတ်ချက်တွေကနေ လွတ်ကင်းပြီး ဆင်ခြင်တုံတရား ကိုယ်ကျင့်တရားဆိုင်ရာ ကန့်သတ်ချက်တွေကနေကလည်း လွတ်ကင်းတာပါ။
And Jonah Berger gives a nice example of this. He talks about the Tide Pod challenge of a few years ago, where many teenagers, instead of using these as detergent products, bit into them and sometimes consumed them. Now, as you might imagine, Procter and Gamble, who own the products, were incredibly unhappy about this and they set up an extremely expensive ad campaign designed to stop people from consuming these products. And one of their campaigns involved a ... popular football player known as Gronk.
Jonah Berger က ဒါအကြောင်း နမူနာကောင်းတစ်ခု ပေးထားတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဆယ်ကျော်သက်တွေက ဒါတွေကို လျှော်ဖွတ်ရေး ထုတ်ကုန်တွေအဖြစ် သုံးတာအစား ဒါတွေကို ကိုက်ပြီး တစ်ခါတလေ စားသုံးတယ်ဆိုတဲ့ Tide Pod စိန်ခေါ်မှုအကြောင်း သူက ပြောပြခဲ့တယ်။ စိတ်ကူးကြည့်လို့ရတဲ့အတိုင်း ထုတ်ကုန်တွေကို ပိုင်ဆိုင်တဲ့ Procter & Gamble ဟာ ဒါနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်ပြီး ဒီထုတ်ကုန်တွေကို လူတွေ စားသုံးတာကနေ တားဆီးဖို့ ပုံစံထုတ်ထားတဲ့ အလွန်ဈေးကြီးတဲ့ ကြော်ငြာ လှုံ့ဆော်ပွဲတစ်ခုကို မတည်ခဲ့တယ်။ လှုံ့ဆော်ပွဲ တစ်ခုမှာ ပါဝင်ခဲ့တာက Gronk လို့ သိကြတဲ့ လူကြိုက်များတဲ့ ဘောလုံးကစားသမားပါ။
So the ad would begin, "Hey, Gronk, is eating the pods ever a good idea?" And Gronk responds, "No, no, no." Berger points out, when this ad came up, consumption of the pots shot up.
ဒီတော့ ကြော်ငြာက စတာက "ဟေ့၊ Gronk အတောင့်တွေကို စားနေတာက စိတ်ကူးကောင်းလား။" Gronk က "မဟုတ်ဘူး၊ မဟုတ်ဘူး" လို့ပြန်ဖြေတယ်။ ဒီကြော်ငြာပေါ်လာတဲ့အခါ အိုးတွေ စားသုံးမှု တိုးလာတယ်လို့ Berger က ထောက်ပြတယ်။
(Laughter)
(ရယ်သံများ)
Not down. "Nobody's going to tell me what to do. Who is this Gronk telling me what to do? I want to be an autonomous, free being."
ကျမသွားဘူး။ "ဘာလုပ်ရမယ်လို့ ဘယ်သူမှ မပြောဘူး။ Gronk က ဘာလုပ်ဖို့ ဘယ်သူ့ကို ပြောနေလဲ။ ကျွန်တော် လွတ်လပ်တဲ့သူ ဖြစ်ချင်တယ်။"
And psychologists call this reactance. This means it's "an unpleasant feeling that emerges when people experience a threat to or loss of their free behaviors." And there's a wealth of laboratory studies looking at reactance. So they test the idea that what you try to do is reestablish the threatened freedom.
စိတ်ပညာရှင်တွေက ဒါကို တန်ပြန်မှုလို့ ခေါ်တယ်။ " လူတွေဟာ သူတို့ရဲ့ လွတ်လပ်တဲ့ အပြုအမူတွေကို ခြိမ်းခြောက်မှု၊ ဆုံးရှုံးမှုကို ကြုံတဲ့အခါ ပေါ်လာတဲ့ မနှစ်မြို့စရာ” လို့ ဆိုလိုတာပါ။ ဓာတ်ခွဲခန်း လေ့လာမှု တစ်ပုံတစ်ခေါင်းက တန်ပြန်မှုကို လေ့လာတယ်။ ဒီတော့ လုပ်ဖို့ ကြိုးစားတာက ခြိမ်းခြောက်ခံရတဲ့ လွတ်လပ်မှုကို ပြန်ထူ ထောင်တာဆိုတဲ့ အယူအဆကို သူတို့ စမ်းသပ်တယ်။
And so one of the studies, for instance, looks at binge-drinking ads and finds that when binge drinking ads are particularly heavy-handed, people often respond by drinking more. ... "I'm going to reestablish my freedom." "I'm going to do what I want."
ဥပမာ၊ လေ့လာမှုတစ်ခုက အရက် အလွန်အကျွံ သောက်တဲ့ ကြော်ငြာတွေကို လေ့လာပြီး အရက် အလွန်အကျွံသောက်တဲ့ ကြော်ငြာတွေက နိုင်ထက်စီးနင်းလုပ်တဲ့အခါ၊ တွေ့ရတာက . "ငါ့လွတ်လပ်မှုကို ပြန်လည်ထူထောင်မယ်။" "ငါ လုပ်ချင်တာ လုပ်တော့မယ်။"ဆိုပြီး လူတွေက ပိုသောက်ပြီး တုံ့ပြန်လေ့ရှိတာပါ။
Or take threats of reprisal. There's a lovely study by a team of political scientists which asked you, asked the subjects, to imagine that they’re an ambassador to a country and they're deciding whether or not to have sanctions towards that country. In one condition, the dictator says "If you do sanctions towards our country, that's OK, I won't do anything." In the second condition, the dictator says, "If you do sanctions towards our country, I will unleash terrorist attacks against you."
လက်တုံ့ပြန်မှုရဲ့ ခြိမ်းခြောက်မှုတွေကို ကြည့်ပါ။ နိုင်ငံရေး သိပ္ပံ ပညာရှင်တစ်ဖွဲ့က အစမ်းသပ်ခံတွေကို သူတို့ဟာ နိုင်ငံရဲ့ သံအမတ်ဖြစ်ပြီး ဒီနိုင်ငံအပေါ် ပိတ်ပင်တာတွေ ရှိ၊မရှိဆိုတာကို ဆုံးဖြတ်နေကြတယ်လို့ စိတ်ကူးကြည့်ခိုင်းတယ်။၊ ပထမ အခြေအနေမှာ အာဏာရှင် ပြောတာက "ကျုပ်တို့နိုင်ငံကို ပိတ်ပင်မှုတွေ လုပ်ရင်၊ ရတယ်၊ ကျုပ် ဘာမှမလုပ်ဘူး"တဲ့။ ဒုတိယ အခြေအနေမှာ အာဏာရှင် ပြောတာက "နိုင်ငံကို ပိတ်ပင်မှုတွေ လုပ်ရင်၊ ခင်ဗျားတို့ကို ဆန့်ကျင်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို လွှတ်ပေးမယ်"တဲ့။
What's the stunning finding from this is that in the second condition, not the first, they were more likely to do it. A lot of our perverse actions are in response to people telling us not to do what we want to do, and it makes us want all the more to do that thing.
ဒါကနေ အံ့သြစရာ တွေ့ရှိမှုက ပထမ အခြေအနေမှာမဟုတ်ဘဲ၊ ဒုတိယ အခြေအနေမှာပါ၊ ဒါကို လုပ်ဖို့ ဖြစ်နိုင်ခြေပိုများတာပါ။ အရွဲ့တိုက်တဲ့ လုပ်ရပ်များစွာက ကိုယ် လုပ်ချင်တာတွေ မလုပ်ဖို့ ပြောနေတဲ့သူတွေကို တုံ့ပြန်တာပါ။ ဒါက ကျွန်တော်တို့ကို ပိုလုပ်လာချင်စေတာပါ။
I think there are two lessons from the study of perversity. One is to appreciate its role in everyday life. It's really worth knowing that there are people out there who really do want to watch the world burn. And I think it's also worth knowing that each and every one of us, at some point in our life, wants to watch the world burn at least a little bit.
အရွဲ့တိုက်မှု လေ့လာမှုကနေ သင်ခန်းစာ နှစ်ခုရှိတယ်လို့ ကျွန်တော် ထင်တယ် တစ်ခုကတော့ နေ့စဉ်ဘဝမှာ ဒါရဲ့အခန်းကဏ္ဍကို တန်ဖိုးထားဖို့ပါ။ ကမ္ဘာကြီး မီးလောင်တာကို တကယ် ကြည့်ချင်တဲ့ လူတွေရှိတာကို သိရကျိုးနပ်ပါတယ်။ သိရကျိုးနပ်သေးတာက ကျွန်တော်တို့ တစ်ယောက် စီဟာ ဘဝရဲ့ တစ်ချိန်ချိန်မှာ အနည်းဆုံး ကမ္ဘာကြီး နည်းနည်းလေး မီးလောင်တာကို ကြည့်ချင်ကြတာလို့ ထင်တယ်။
(Laughter)
(ရယ်သံများ)
I think it's worth knowing, at least for consequential decisions like choosing who to vote for, that people aren't just motivated by material self-interest or by an affiliation to social and political group. Sometimes people want to be autonomous beings, they want to be free. And telling these people, "What you're doing is stupid," "what you're doing is irrational," "what you're doing is immoral," can have the paradoxical effect of motivating them to do exactly what you don't want them to do.
အနည်းဆုံး ဘယ်သူ့ကို မဲပေးရမလဲ ရွေးတာလို လက်ငင်းအကျိုးဖြစ်တဲ့ ဆုံးဖြတ်ချက်တွေအတွက်၊ လူတွေဟာ ရုပ်ပိုင်း ကိုယ်ကျိုးကြည့်မှု၊ ဒါမှမဟုတ် လူမှုရေးနဲ့ နိုင်ငံရေးအုပ်စုနဲ့ ဆက်နွယ်မှုတွေကြောင့် လှုံ့ဆော်ခံရတာမဟုတ်တာကို သိရကျိုးနပ်တယ်လို့ ထင်တယ်။ တစ်ခါတစ်ရံ လူတွေက အမှီအခိုကင်းတဲ့ သတ္တဝါတွေဖြစ်ချင်ပြီး လွတ်လပ်ချင်ကြတယ်။ "ခင်ဗျား လုပ်နေတာက မိုက်မဲတယ်”၊ "ခင်ဗျား လုပ်နေတာက ယုတ္တိမရှိဘူး"၊ "ခင်ဗျား လုပ်နေတာက အကျင့်ပျက်တာ" ဆိုပြီး ဒီလူတွေကို ပြောတာက သူတို့ကို မလုပ်စေချင်တာကို အတိအကျ လုပ်ဖို့ သူတို့ကို လှုံ့ဆော်ပေးတာရဲ့ ဝိရောဓိ သက်ရောက်မှု ရှိစေနိုင်တယ်။
The second lesson of perversity has to do with our everyday lives. A lot of perversity is awful. I think the world would be better off without it. But I think we've seen a little bit that perversity could be funny. It could be clever. I think it can make the world a better place. And so I guess I'd suggest that a life with a little bit of perversity in it, a life where sometimes you put your finger into your friend's ice cream, is a life that's a lot more interesting.
အရွဲ့တိုက်မှုရဲ့ ဒုတိယ သင်ခန်းစာက ကျွန်တော်တို့ရဲ့ နေ့စဉ် ဘဝတွေနဲ့ ဆိုင်တယ်။ အရွဲ့တိုက်မှုများစွာက ဆိုးရွားပါတယ်။ ဒါမရှိရင်၊ ကမ္ဘာကြီးက ပိုကောင်းလာမယ်လို့ ထင်တယ်။ ဒါပေမဲ့ အရွဲ့တိုက်မှုက ရယ်စရာ ဖြစ်နိုင်တယ် လို့ နည်းနည်း မြင်ကြတယ်လို့ ထင်တယ်။ ဒါက ပါးနပ်နိုင်တယ်။ ဒါက ကမ္ဘာကြီးကို ပိုကောင်းတဲ့နေရာ ဖြစ်စေနိုင်တယ်လို့ ထင်တယ်။ ဒီတော့ အရွဲ့တိုက်မှု နည်းလေးပါတဲ့ ဘဝတစ်ခုကို ကျွန်တော် ညွှန်းရမယ် ထင်တယ်၊ တစ်ခါတလေ သူငယ်ချင်းရဲ့ ရေခဲမုန့်ကို လက်နဲ့ထိုးလိုက်တဲ့ ဘဝတစ်ခုက ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဘဝတစ်ခုပါ။
Thank you.
ကျေးဇူးတင်ပါတယ်။
(Applause)
(လက်ခုပ်သံများ)