Margaret Mead, anthropologist Margaret Mead, famously mused that in her view, the first evidence of civilization wasn't architecture, wasn't tools, but rather a 15,000-year-old fossil of a healed fracture. Evidence that someone else had taken the time to help the injured person to safety and through recovery.
မာဂရက် မီးဒ် မနုဿဗေဒပညာရှင် မာဂရက် မီးဒ် က သူ့အမြင်အရ အထင်အရှား စဉ်းစားကောက်ချက်ချခဲ့တာက ယဉ်ကျေးမှုရဲ့ ပထမဆုံး အထောက်အထားက ဗိသုကာမဟုတ်၊ ကိရိယာတွေမဟုတ်ဘဲ၊ ကျိုးအက်တာကို ကုသပေးတဲ့ သက်တမ်း နှစ် ၁၅,၀၀၀ ရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းပါတဲ့။ ဒဏ်ရာရသူကို ဘေးကင်းပြီး ပြန်နာလန်ထူအောင် ကူညီဖို့ အခြားလူတစ်ယောက်ဟာ အချိန်ယူရတယ်ဆိုတဲ့ အထောက်အထားပါ။
Fast forward 15,000 years, and medical science has brought many advances. Many of us are projected here in this audience to live until 115 years old. It gets people like me thinking, as we go through this lifetime, because our methods of repairing the human body still, no offense, look a lot like carpentry, we're all going to be acquiring parts of our bodies that we weren't born with. If we haven't already.
နှစ်ပေါင်း ၁၅,၀၀၀ ရှေ့ကို အမြန်သွားရအောင်၊ ဆေးသိပ္ပံက တိုးတက်မှုများစွာကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ကျွန်မတို့အများစုဖြစ်တဲ့ ဒီပရိသတ်ကို အသက် ၁၁၅ နှစ်အထိ နေထိုင်ဖို့ စီမံကိန်းဆွဲထားတယ်။ ဒီဘဝတာကို ကျွန်မတို့ ဖြတ်သန်းစဉ် ကျွန်မလို လူတွေ တွေးမိစေတာက လူ့ကိုယ်ခန္ဓာကို ပြုပြင်တဲ့ နည်းလမ်းတွေက၊ စော်ကားတာမဟုတ်ဘူးနော်၊ လက်သမားအတတ်နဲ့ တော်တော်ဆင်နေသေးတာကြောင့်၊ အားလုံး မွေးရာပါမဟုတ်တဲ့ ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်းတွေကို ရယူကြမှာပါ။ မရှိသေးဘူးဆိုရင်ပေါ့။
This wouldn't be a problem, except we're getting injured earlier in life and living longer and longer. Bone is the most transplanted human material after blood, and as a society, we are replacing millions of joints per year because of just a couple millimeters of damaged cartilage. None of this would be a problem, except for getting injured earlier in life and living longer and longer. And the earlier we get implants, the less time they last. And these trends are globalizing. I mean, it's enough to make you hysterical. People like me, you know, I've thought we need our implants to last as long as we do.
ဒါက ပြဿနာဖြစ်မှာမဟုတ်ဘူး၊ ကျွန်မတို့ ဘဝ အစောပိုင်းမှာ ဒဏ်ရာရနေပြီး အသက် ပိုရှည်နေတာကလွဲရင်ပေါ့။ သွေးနောက်မှာ အရိုးဟာ အများဆုံး အစားထိုးတဲ့ လူ့အသားထည်ဖြစ်ပြီး လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ ပျက်စီးသွားတဲ့ အရိုးနု နှစ်မီလီမီတာပဲရှိတော့ တစ်နှစ်ကို သန်းနဲ့ချီတဲ့ အဆစ်တွေကို ကျွန်မတို့ အစားထိုးနေကြတာပါ။ ဘဝ အစောပိုင်းမှာ ထိခိုက်ခံရပြီး အသက်ပိုရှည်နေတာကလွဲလို့ ဘာပြဿနာမှ မရှိဘူး။ ပိုစောစော အစားထိုးမှုတွေ ရလေလေ၊ တာရှည်ခံချိန် ပိုနည်းလေပါ။ ဒီဖြစ်စဉ်တွေက ကမ္ဘာအနှံ့ဖြစ်နေတာတွေပါ။ ဆိုလိုတာက ချောက်ချားဖြစ်စေလောက်အောင်ပါ။ သိတဲ့အတိုင်း ကျွန်မလိုလူတွေတွေက အစားထိုးနေသရွေ့ အစားထိုးမှုတွေဟာ တာကြာရှည်ခံဖို့ လိုတယ်လို့ ထင်ပါတယ်။
I'm a biomedical engineer, and over a decade ago, I first came to this stage to talk about our approach to building upon this cornerstone of human civilization, repairing the human body, using cells as an ingredient to grow living and atomically precise spare parts for the human body that function on day one, fit perfectly and last as long as we do. And in 2014, I, with others, launched a company called EpiBone with the help of many TEDsters, some of whom are actually here in this audience -- yes -- to test this approach in humans for bone and cartilage. And I'm here to give you an update to tell you how far we've come. So here's how it works. We start from a CT scan from which we can extract three-dimensional data, and using digital fabrication techniques like 3D printing and 3D milling, make a perfect puzzle piece shaped biomaterial scaffold, infuse it with adult stem cells and cultivate it in what we call a bioreactor. A bioreactor is really just a fancy word for our proprietary cell culture robots that mimic the conditions of the human body, providing controlled delivery of oxygen, nutrients and mechanical forces. So you can think of this as kind of diet and exercise that get the stem cells to attach to the scaffold, proliferate and, most importantly, differentiate. It takes us three weeks to engineer bone, four weeks to engineer cartilage, and we have a platform technology that allows us to engineer bones or joints throughout the body.
ကျွန်မက ဇီဝဆေးပညာ အင်ဂျင်နီယာပါ။ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်က လူ့ယဉ်ကျေးမှု အုတ်မြစ်ပေါ်မှာ တည်ဆောက်ဖို့ ကျွန်မတို့ ချဉ်းကပ်ပုံအကြောင်းပြောဖို့ ဒီစင်ပေါ်မှာ ပထမဆုံး ရောက်လာခဲ့တယ်။ လူ့ကိုယ်ခန္ဓာကို ပြုပြင်တာ၊ လုပ်ဆောင်တဲ့နေ့ကတည်းက၊ ပကတိ အံကျပြီး အစားထိုးသရွေ့ မြဲနေတဲ့ လူ့ခန္ဓာကိုယ်အတွက် ရှင်သန်ပြီး ခန္ဓာဗေဒအရ တိကျတဲ့ အပို အစိတ်အပိုင်းတွေ ဖြစ်ထွန်းဖို့ ဆဲလ်တွေကို ပါဝင်ပစ္စည်းအဖြစ် အသုံးပြုတာပါ။ ၂၀၁၄ ခုနှစ်မှာ ကျွန်မဟာ တခြားသူတွေနဲ့အတူ TED သမားအများစုရဲ့ အကူအညီနဲ့ အရိုးနဲ့ အရိုးနုအတွက် လူသားတွေမှာ ဒီနည်းလမ်းစမ်းသပ်ဖို့ EpiBone ဆိုတဲ့ ကုမ္ပဏီတစ်ခုကို စတင်ခဲ့တယ်။ သူတို့ထဲက တချို့က တကယ်တော့ ဒီပရိသတ်ထဲမှာပါ။ ဘယ်အထိ ရောက်ပြီဆိုတာနောက်ဆုံး အခြေအနေကို တင်ပြဖို့ ဒီကိုလာတာပါ။ ဒီတော့ ဒီမှာ အလုပ်လုပ်ပုံပါ။ သုံးဖက်မြင် အချက်အလက်တွေကို ထုတ်ယူနိုင်တဲ့ CT စကဲန်ကနေ စတင်ပါတယ်။ 3D ပုံနှိပ်တာနဲ 3D ကြိတ်ခြေတာလို ဒစ်ဂျစ်တယ် ဖန်တီးနည်းမှုတွေကို သုံးရင်း ပြည့်စုံတဲ့ ပဟေဠိ အပိုင်းအစ သဏ္ဍာန် ဇီဝပစ္စည်း ငြမ်းတစ်ခုပြုလုပ်ပြီး အရွယ်ရောက် ပင်မဆဲလ်တွေနဲ့ ပေါင်းစပ်ကာ ဇီဝပေါင်းဖိုလို့ ခေါ်တာထဲမှာ ပျိုးထောင်တာပါ။ ဇီဝပေါင်းဖိုဆိုတာက အောက်ဆီဂျင် ပို့ဆောင်မှု၊ အာဟာရဓာတ်တွေနဲ့ စက်စွမ်းအားတွေကို ထိန်းချုပ်ထားတာကို ထောက်ပံ့တဲ့ ကိုယ်ပိုင် ဆဲလ်ပျိူးထောင်မှု စက်ရုပ်တွေအတွက် စိတ်ကူးယဉ် စကားလုံးသက်သက်ပါ။ ဒါကြောင့် ပင်မဆဲလ်တွေကို ငြမ်းနဲ့ ချိတ်တွယ်၊ တိုးပွားပြီး အရေးကြီးဆုံးကတော့ ခြားနားစေတဲ့ ဓာတ်စာနဲ့ လေ့ကျင့်ခန်းအဖြစ် တွေးကြည့်နိုင်ပါတယ်။ အရိုးကို စီမံဖို့ သုံးပတ်၊ အရိုးနုတွေကို စီမံဖို့ လေးပတ် ကြာပြီး ကိုယ်ခန္ဓာတစ်လျှောက်က အရိုးတွေ၊ အဆစ်တွေကို စီမံခွင့်ပေးတဲ့ ပလက်ဖောင်း နည်းပညာ ကျွန်မတို့မှာရှိတယ်။
2021 we made history as the first biotechnology company greenlit by the FDA to use this approach in human, taking stem cells, turning them into tissues, putting those tissues into people. And we did this for six patients in our phase 1.2 historic human clinical trial. And we replaced jawbones in those patients. And what I can tell you is that now, almost two years since we've implanted our first patient, whether the patients were 18, 59, male, female, suffering from congenital defects or trauma, at Cleveland Clinic, the San Francisco VA or UT San Antonio, we're seeing the same thing. The grafts fit perfectly, integrate seamlessly with no adverse events, but perhaps even more importantly, the patients are eating, speaking, sleeping normally because these are the measurements that really matter. You know, for people like me who've been working on this for two decades, you know, science is built on the shoulders of giants. And I joined teams that had been working on this for decades prior. You can imagine how we feel to be finally making this one step forward towards making good on our mission, which is to improve patient lives.
၂၀၂၁ ခုနှစ်မှာ အက်ဖ်ဒီအေက လက်ခံတဲ့ ပထမဆုံး ဇီဝနည်းပညာကုမ္ပဏီအဖြစ် သမိုင်းတွင်ခဲ့တယ်၊ ပင်မဆဲလ်တွေကို ယူ၊ တစ်ရှူးတွေအဖြစ် ပြောင်းကာ ဒီတစ်ရှူးတွေကို လူတွေအဖြစ် ထည့်သွင်းရင်း လူတွေမှာ ဒီနည်းကို အသုံးပြုတာပါ။ သမိုင်းဝင် လူသား စမ်းသပ်မှု အဆင့် ၁.၂ မှာ လူနာခြောက်ယောက်အတွက် ဒီလိုလုပ်ခဲ့တယ်။ အဲဒီလူနာတွေမှာ မေးရိုးတွေကို အစားထိုးခဲ့တယ်။ ကျွန်မ ပြောနိုင်တာက ပထမဆုံး လူနာကို အစားထိုပေးပြီးကတည်းက အခုဆို နှစ်နှစ်နီးပါး ကြာပါပြီ။ Francisco VA (သို့) UT San Antonio က Cleveland Clinic မှာ မွေးရာပါ ချွတ်ယွင်းချက်တွေ ဒါမှမဟုတ် စိတိဒဏ်ရာ ခံစားနေရတဲ့ လူနာတွေဟာ ကျား၊ မ ဖြစ်စေ၊ အသက် ၁၈ နှစ်၊ ၅၉ နှစ်ဖြစ်ပါစေ ကျွန်မတို့ တူညီတဲ့ အရာကို မြင်နေရပါတယ်။ ဆက်ထားတာတွေက အံကိုက်ဖြစ်နေပြီး ဘေးမဖြစ်စေဘဲ စပ်ကြောင်းမဲ့ ပေါင်းစည်းပေမဲ့၊ ပိုတောင်အရေးပါတာက လူနာတွေက စားသောက်၊ စကားပြော၊ အိပ်တာတွေကို ပုံမှန် လုပ်နေကြတာက ဒါတွေက တကယ့် အရေးပါတဲ့ အတိုင်းအတာတွေဖြစ်တာကြောင့်ပါ။ ဒါကို နှစ် ၂၀ လုံးလုံး လုပ်ခဲ့တဲ့ ကျွန်မလိုလူတွေအတွက် သိပ္ပံပညာက ပဂေးကြီးတွေရဲ့ ပခုံးတွေပေါ်မှာ ဆောက်ထားတာပါ။ ဒါကို ဆယ်စုနှစ်ချီ အလုပ်လုပ်ခဲ့တဲ့ အသင်းတွေနဲ့ ပူးပေါင်းခဲ့တယ်။ လူနာ ဘဝတွေကို တိုးတက်ဖို့ အထူးတာဝန်မှာ ကောင်းအောင်လုပ်ဖို့ နောက်ဆုံးဒီအဆင့်ကို ကျွန်မတို့ လုပ်နေတာကို ခံစားရပုံကို စိတ်ကူးကြည့်နိုင်ပါတယ်။
(Applause)
(လက်ခုပ်သံများ)
We are in the process now of applying for permission from FDA to repeat this success in a much larger, game-changing market of knee cartilage. Many of us here in the audience need it now if we don't have already had our joints replaced. So I really hope to be able to come back in a few years' time and tell you we've made good on this expanded mission.
ကျွန်မတို့ဟာ ပိုကြီးတဲ့၊ အပြောင်းအလဲ ဖြစ်စေတဲ့ အရိုးနု ဈေးကွက်တစ်ခုမှာ ဒီအောင်မြင်မှုကို ထပ်ကျော့ဖို့ အက်ဖ်ဒီအေ ခွင့်ပြုချက်အတွက် လျှောက်ထားတဲ့ လုပ်ငန်းစဉ်မှာပါ။ ဒီမှာရှိတဲ့ ပရိသတ်ထဲက ကျွန်မတို့အများစုဟာ အဆစ်တွေကို အစားထိုးမထားရင် ဒါကို အခု လိုအပ်ပါတယ်။ နှစ်အနည်းငယ်အတွင်း ပြန်လာပြီး ဒီတိုးချဲ့ထားတဲ့ တာဝန်မှာ ကောင်းတာ လုပ်ခဲ့တယ်လို့ ပြောနိုင်ဖို့ မျှော်လင့်ပါတယ်။
So in conclusion, I'd like to invite you to scan your body and imagine all those spare parts of our bodies that we're bound to accumulate as we go through this lifetime. Would we rather have those spare parts made from metal, plastic, ceramic, or rather to connect to our own internal fountain of cellular youth and grow these parts? I'm here to tell you that this possibility is in reach, and that we have every intention of making it happen.
နိဂုံးချုပ်အနေနဲ့၊ သင်တို့ ခန္ဓာကိုယ်ကို စကဲန်ရိုက်ပြီး ဒီဘဝတာကို ဖြတ်သန်းစဉ် စုပုံလာဖို့ သေချာတဲ့ ကိုယ်ခန္ဓာ အပိုအစိတ်အပိုင်းအားလုံးကို မြင်ယောင်ကြည့်ဖို့ ဖိတ်ခေါ်ချင်တယ်။ သတ္တု ၊ ပလတ်စတစ်၊ ကြွေကနေ အပိုအပိုင်းတွေရှိချင်တာလား၊ ဒါမဟုတ် ဆဲလ် အနုတွေရဲ့ အတွင်းဇာစ်မြစ်ကို ချိတ်ဆက်ပြီး ဒီအစိတ်အပိုင်းတွေကို ကြီးထွား စေချင်တာလား။ ဒီဖြစ်နိုင်ခြေမှာက လက်တစ်ကမ်းမှာဆိုတာကို ပြောပြဖို့ ကျွန်မ ဒီမှာ ရှိနေတာပါ၊ ကျွန်မတို့မှာ ဒါကို ဖြစ်အောင်လုပ်တာနဲ့ ပတ်သက်တဲ့ ရည်ရွယ်ချက်အားလုံး ရှိနေပါတယ်။
Thank you so much.
ကျေးဇူးတင်ပါတယ်။
(Applause)
(လက်ခုပ်သံများ)