(Piano)
(စန္ဒရားတီးသံ)
(Singing) It was done
(သီချင်းဆို) ပြီးခဲ့ပြီလေ
When the benediction had been sung
ကောင်းချီးပေးမှုအတွက် သီချင်း ဆိုပြီးခဲ့ချိန်မှာပေါ့၊
Firelight gently woke us from our golden night
မီးလင်းဖိုမှ မီးရောင်က တို့ရဲ့ရွေရောင် ညကနေ တို့ကို သိမ်မွေ့စွာ နိုးထစေခဲ့တယ်
My surprise
ငါ အံ့ဩတာက
I can turn to see your open eyes
မင်းရဲ့မျက်လုံးတွေ ပွင့်တာမြင်ဖို့ ငါ လှည့်နိုင်ခဲ့သေးတယ်
And I know You are alive
မင်း အသက်ရှင်နေသေးတာ ငါသိတယ်
I know that smile
ဒီအပြုံးကို ငါသိတယ်
Nothing more
ဒီထက် ဘာမှ မပိုပါဘူး
In the after
အဲဒီနောက်မှာမှ
There is waking from your sleep
မင်းအိပ်စက်ရာက နိုးလာမယ်
And your lover
မင်းချစ်သူဆိုတာက
Is the only face you see
မင်းမြင်ရတဲ့ တစ်ခုတည်းသော မျက်နှာ
We are after
ငါတို့ လိုက်နေကြ
Ever after
အမြဲ လိုက်နေတယ်
There is laughter
ရယ်သံရှိတယ်
Afterneath
ပြီးသွားတဲ့နောက်မှာလေ
The war
စစ်ပွဲ
Nobody ever even asked what for
ဘယ်သူမှ ဘာအတွက်ဆိုတာ မေးတောင် မမေးဖူးကြဘူးလေ
Up above
အထက်ဆီမှာ
Nothing matters but the ones you love
မင်း မြတ်နိုးတာကလွဲပြီး ဘာမှ အရေးမပါဘူးလေ
So get out with me
ဒီတော့ ငါနဲ့အတူ ထွက်လိုက်ပါ
Now you've got enough with me
အခုဆို မင်းငါကို စိတ်ကုန်ပြီပေါ့
Just the two of us you see
တို့နှစ်ယောက်တည်းပဲလေ နားလည်တယ်နော်
And nothing more
ဒီထက်ဘာမှ မပိုဘူးလေ
In the after
ပြီးသွားတဲ့နောက်မှာ
There is waking from your sleep
မင်းအိပ်စက်ရာက နိုးလာမယ်
And your lover
မင်းချစ်သူဆိုတာက
Is the only face you see
မင်းမြင်ရတဲ့ မျက်နှာတစ်ခုပဲလေ
We are after
ငါတို့ လိုက်နေကြ
Ever after
အမြဲ လိုက်နေတယ်
There is laughter Afterneath
ပြီးသွားတဲ့နောက်မှာ ရယ်သံရှိတယ်
Oh, we after
အို့ ငါတို့လိုက်နေကြ
Ever after
အမြဲ လိုက်နေတယ်
There is laughter
ရယ်သံရှိတယ်
Afterneath
ပြီးသွားတဲ့နောက်မှာလေ
Oh
အိုး .......
Oh
အိုး .......
Oh
အိုး .......
Oh
အိုး .......
Thank you.
ကျေးဇူးပါ။
(Applause)
(လက်ခုပ်သံများ)
Thank you very much.
ကျေးဇူးအများကြီးတင်ပါတယ်
(Applause)
(လက်ခုပ်သံများ)
Thanks.
ကျေးဇူးပါ။
I love a depressing song ...
စိတ်ညှိုးငယ်စေတဲ့သီချင်းတစ်ပုဒ်ကို ကျွန်တော်ချစ်တယ်
(Laughter)
(ရယ်သံများ)
you know? I've been writing them for 15 years now, and to be honest, over that time, I've come to kind of believe that they're not really depressing at all. In fact, I think they're kind of the most important songs we have. Songs that sing of sorrow, of grief, of longing, of the darker side of love, the underside of being alive, these are the songs I just never tire of hearing and I never tire of writing, because they make me feel less alone. They speak to a very real part of being human that can often be hidden in fear and shame and pushed deep down where it lingers and rots.
သိကြလား ကျွန်တော် ဒီသီချင်းတွေရေးနေတာ အခုဆို ၁၅ နှစ်ရှိပြီ ဝန်ခံရရင်တော့ အဲဒီကာလက သီချင်းတွေဟာ လုံးဝစိတ်ညှိုးငယ် စရာတွေမဟုတ်ဘူးလို့ ယုံကြည်မိတာမျိုးပါ။ တကယ်က ဒါတွေဟာ ကျွန်တော့မှာရှိတဲ့ အရေးကြီးဆုံးဆိုတာမျိုးတွေလို့ ထင်တယ်် ဝမ်းနည်းမှု အကြောင်းဆိုတဲ့ သီချင်းတွေ ကြေကွဲမှု၊ တမ်းတမှု၊ အချစ်ရဲ့အမှောင်ဘက်ခြမ်း၊ ရှင်သန်ခြင်းရဲ့ မသာယာတဲ့ဘက်တို့ပေါ့။ ကျွန်တော် ဘယ်တော့မှ နားထောင်ရတာ မငြီးငွေ့တဲ့၊ ရေးရတာ မငြီးငွေ့တဲ့ သီချင်းတွေပါ၊ အကြောင်းက ထီးတည်းဖြစ်မှုကို သက်သာစေလို့ပါ။ ၎င်းတို့ဟာ ပူပန်စိတ်နဲ့ ရှက်စိတ်ထဲမှာ မကြာခဏ ဖုံးကွယ်နေနိုင်ပြီး ၎င်းစွဲကျန်ပြီး အမြစ်တွယ်ရာ နက်နက်ကို တွန်းပို့ခဲ့ရတဲ့ လူဖြစ်ခြင်းရဲ့ စစ်မှန်တဲ့ အစိတ်အပိုင်းတစ်ခုကို ပြောတာပါ
But I think in listening to these songs -- really listening -- can allow us to refeel these hard emotions, but in a cathartic and healing way. In a way that reminds us, as we listen, that we're not alone in darkness.
ဒါပေမဲ့ ထင်တာက ဒီသီချင်းတွေ နားထောင်ခြင်းဟာ တကယ် နားထောင်ခြင်းဟာ ကျွန်တော်တို့ကို မချမ်းမြေ့ဖွယ်ခံစားမှုတွေ ကို ပြန်ခံစားမိစေဖို့ ဖြစ်နိုင်ပေမဲ့ ပြေရာပြေကြောင်း၊ သက်သာစေကြောင်း နည်းလမ်းနဲ့ပါ။ နားထောင်ခိုက်မှာ ကျွန်တော်တို့ အမှောင်မှာ ထီးတည်းမဟုတ်တာကို သတိရစေတဲ့နည်းနဲ့ပါ။
There's a Japanese phrase known as "mono no aware," which roughly translates as "the bittersweet poignancy of things," or the pathos or "ahness" of things. It's a valuable awareness of impermanence, both a kind of gentle, transient sadness as things pass by in life, but also a deeper, softly lingering sadness about the impermanence of all reality.
"mono no aware"လို့ သိကြတဲ့ ဂျပန်စကားစုတစ်ခုရှိပါတယ်၊ အကြမ်းဖျင်း ဘာသာပြန်ရရင်တော့ "အရာများရဲ့ ချိုသက်သက် ဆွတ်ပျံ့ဖွယ်" (သို့) ရောဂါ၊ "အရာများရဲ့ အံ့အားသင့်မှု"ပါ ဒါဟာ အနိစ္စသဘောရဲ့ အဖိုးတန်တဲ့ သိရှိမှုပါ၊ ဘဝမှာ ကြုံတွေရတာတွေဟာ သိမ်မွေ့တဲ့၊ မတည်မြဲတဲ့ ဝမ်းနည်းမှု တစ်ခုလိုမျိုးဖြစ်ပေမဲ့ ဖြစ်တည်မှုအားလုံးရဲ့ အနိစ္စသဘောအကြောင်း ပိုနက်ရှိုင်းပြီး နူးညံ့စွာ ရစ်ဝဲနေတဲ့ ဝမ်းနည်းမှုဆိုတာရော နှစ်ခုစလုံးပါ။
"Mono no aware" can be manifest in lots of life stories and moments and songs. One example in Japanese culture is the celebration of the cherry blossom. The cherry blossom in and of itself is no more impressive than that of an apple or orange tree, but what sets it apart is its brevity. Cherry blossoms fall within a single week -- can be whisked away on the gentlest breeze -- and it's this that makes it more beautiful. It's utterly fragile, and fragility gives life its poignancy.
"Mono no aware" ဟာ ဘဝဇာတ်လမ်း တွေနဲ့ တဒင်္ဂများစွာနဲ့ သီချင်းတွေကို ပေါ်လွင်နိုင်စေပါတယ်။ ဂျပန်ယဉ်ကျေးမှုထဲက ဥပမာတစ်ခုကတော့ ချယ်ရီပွင့်မှု အခမ်းအနားပွဲတော်ပါ။ ချယ်ရီပန်းကိုယ်၌က ပန်းသီးပင် (သို့) လိမ္မော်ပင်တစ်ပင်လောက် အထင်ကြီးစရာမဟုတ်ပေမဲ့ ၎င်းကို သီးခြားဖြစ်စေတာက ၎င်းရဲ့ တိုတောင်းမှုပါ။ ချယ်ရီပွင့်တွေဟာ သီတင်းတစ်ပတ် အတွင်းမှာ ကြွေကျကာ အနူးညံ့ဆုံး လေညှင်းမှာ ရုတ်ခြည်း လွင့်ပါနိုင်တယ် ဒါက ၎င်းကို ပိုလှအောင် ဖန်တီးပေးပါတယ်။ လုံးဝကို နုနယ်ပြီး နုနယ်မှုက ၎င်းရဲ့ဘဝကို ဆွတ်ပျံ့ဖွယ်ဖြစ်မှုကိုပေးတာပါ။
Now, being a cheery chap, nothing speaks to me more than this, and --
ကဲ့ ချယ်ရီ ကောင်လေးဆိုတော့ ဟိုဟာ၊ ဒီဟာတွေ ထပ်ပြီး ကျွန်တော့ကို မပြောတော့ပါဘူး
(Laughter)
(ရယ်သံများ)
you know, I think it's been the essence of my songwriting for years, of what moves me to write, what inspires me to sing. Because pain and grief and doubt, when it's made manifest in music, in song -- when it's made beautiful in poetry and painting, it can build a community and a kinship in the knowledge that we are none of us alone in darkness.
ဒါဟာ နှစ်များစွာ ကျွန်တော့ သီချင်းရေးသား ခြင်းရဲ့ အနှစ်သာရဖြစ်နေပြီလို့ ထင်ပါတယ်၊ ရေးဖို့ ကျွန်တော့ကို စိတ်လှုပ်ရှားစေတာ ဆိုဖို့ ကျွန်တော့ကို စေ့ဆော်ပေးတာတွေ နာကျင်မှုနဲ့ကြေကွဲမှုနဲ့ သံသယကြောင့် ဒါကို ဂီတထဲမှာ၊ သီချင်းထဲမှာ ပေါ်လွင်အောင် ဖန်တီးတဲ့အခါ ကဗျာနဲ့ ပန်းချီမှာ လှပအောင် ဖန်တီးတဲ့အခါ တစ်ဦးမှ အမှောင်ထုထဲမှာ ထီးတည်းမဟုတ်ဆိုတဲ့ အသိထဲမှာ အရိပ်အမြုံတစ်ခုနဲ့ တစ်သဘောတည်း ဖြစ်မှုတစ်ခုကို တည်ဆောက်နိင်ပါတယ်။
My next song is one that I call "Killing Me," and as the name suggests, it's not a dance floor favorite.
နောက်သီချင်းတစ်ပုဒ်က "Killing Me," လို့ အမည်ပေးထားပြီး နာမည်က ညွှန်းတဲ့အတိုင်း ကခွင် အကြိုက်မဟုတ်ဘူးပေါ့။
(Laughter)
(ရယ်သံများ)
But it isn't miserable. It's full of love and hope. And I think it exemplifies everything I've been talking about. And it's the first song I've written from the perspective of somebody else, specifically my grandmother, as she lives on without my late grandfather, as she experiences new things in her life -- her grandchildren getting married, having their own children, speaking at TED -- all the while she lives without, and all the while she misses her soul mate.
ဒါပမဲ့ ဒါက စိတ်မချမ်းမြေ့စရာမဟုတ်ဘူး။ အချစ်နဲ့မျှော်လင့်ချက်တွေ ပြည့်နေတာပါ။ ဒါက ကျွန်တော် ပြောနေခဲ့တဲ့ အရာတိုင်းကို သာဓကဆောင်ပါတယ်။ ဒါဟာ အခြားသူတစ်ဦးရဲ့ ရှုထောင့်ကနေ ကျွန်တော်ရေးထားတဲ့ ပထမဆုံးသီချင်းပါ၊ အထူးသဖြင့်တော့ ကျွန်တော့အဖွားပါ၊ ကွယ်လွန်သွားတဲ့ကျွန်တော့အဖိုးမရှိပဲ ရှင်သန်နေရတော့ သူ့ဘဝမှာ အကြောင်းအရာသစ်တွေ တွေ့ကြုံရတာကြောင့်ပါ သူ့မြေးတွေ လက်ထပ်ကြတယ်၊ ကလေးတွေ မွေးကြတယ်။ TED မှာ ဟောပြောနေစဉ် သူတစ်ယောက်တည်းရှိနေခိုက် သူ့ရဲ့ စိတ်တူကိုယ်မျှအဖော်ကိုလည်း လွမ်းနေပါတယ်။
Thank you.
ကျေးဇူးပါ။
(Piano)
(စန္ဒရားတီးသံ)
(Singing) Sweetheart would you wake up today?
(သီချင်းဆို) အသည်းလေးရေ ဒီနေ့မင်း နိုးထဦးမှာလား
I promise you would recognize my faith
ငါ့ရဲ့ယုံကြည်မှုကို မင်းမှတ်မိမယ်ဆိုတာ ငါကတိပေးတယ်
I want to show you how I've grown in this place
ဒီနေရာမှာ ငါကြီးပြင်းလာခဲ့ပုံကို မင်းကို ပြသချင်လိုက်တာ
In this place I'm not alone
ဒီနေရာမှာ ငါ အထီးကျန်မနေဘူး
And I know I'll be OK
ငါအဆင်ပြေမယ်ဆိုတာ ငါသိပေမဲ့
But it's always harder When the winter comes to stay
ဆောင်းရာသီ ရှည်ကြာတဲ့အခါမှာတော့ အမြဲ ပိုခက်ခဲတာပေါ့
And I can't help remember all the words I never said
ငါတစ်ခါမှာ မပြောခဲ့တဲ့ စကားလုံးအားလုံးကို သတိမရပဲ မနေနိုင်ဘူးလေ
And it's killing me That you're not here with me
အိုး၊ မင်းဟာ ငါနဲ့ ဒီမှာရှိမနေတာက ငါ့ကို သေစေညွှန်းရော့လေလား
I'm living happily
ပျော်ရွှင်စွာပဲ ငါရှင်သန်နေပေမဲ့
But I'm feeling guilty
လိပ်ပြာမလုံဘူး ဖြစ်နေတယ်
And you won't believe The wonders I can see
အိုး ငါမြင်နိုင်တဲ့ အံ့ဖွယ်ရာတွေ မင်းယုံမှာမဟုတ်ဘူးလေ
This world is changing me
လောကကြီးက ငါ့ကိုပြောင်းလဲပေးနေပေမဲ့
But I will love you faithfully.
ငါမင်းကို သစ္စာရှိရှိ ဆက်ချစ်သွားမယ်
(Piano)
(စန္ဒရားတီးသံ)
Oh, everything is taller these days
ဒီနေ့တွေမှာ အရာတိုင်းဟာ ပိုရှည်လျားတယ်
Maybe I feel smaller and time rushes away
ဖြစ်လောက်တာက ငါ ပိုသေးငယ်သွားတယ်လို့ ခံစားရပြီး အချိန်က တစ်ဟုန်ထိုး ပြေးသွားတယ်
So much I could show you
ဒီတော့ ငါမင်းကို ပြနိုင်သလောက်က
How all the great-grandchildren
မြေးမြစ်တွေအားလုံးဟာ
Have been laughing like we did when we were young
တို့ငယ်စဉ်တုန်းက ရယ်ခဲ့သလိုပဲ ရယ်မောနေခဲ့ကြပုံကိုပါ၊
I've been laughing like we did when we were young
တို့ငယ်စဉ်တုန်းက ရယ်ခဲ့သလိုပဲ ငါရယ်မောနေခဲ့တယ်။
Oh, it's killing me that you're not here with me
အိုး၊ မင်းဟာ ငါနဲ့ ဒီမှာရှိမနေတာက ငါ့ကို သေစေညွှန်းရော့လေလား
I'm living happily
ပျော်ရွှင်စွာပဲ ငါရှင်သန်နေပေမဲ့
But I'm feeling guilty
လိပ်ပြာမလုံဘူး ဖြစ်နေတယ်
Oh, you won't believe The wonders I can see
အိုး ငါမြင်နိုင်တဲ့ အံ့ဖွယ်ရာတွေ မင်းယုံမှာမဟုတ်ဘူးလေ
This world is changing me
လောကကြီးက ငါ့ကိုပြောင်းလဲပေးနေပေမဲ့
I will love you faithfully
ငါမင်းကို သစ္စာရှိရှိ ဆက်ချစ်သွားမယ်
Oh Oh
အိုး အိုး
Oh Oh
အိုး အိုး
Oh, it's killing me
အိုး၊ မင်းဟာ ငါနဲ့ ဒီမှာရှိမနေတာက
That you're not here with me
ငါ့ကို သေစေညွှန်းရော့လေလား
I'm living happily
ပျော်ရွှင်စွာပဲ ငါရှင်သန်နေပေမဲ့
But I'm feeling guilty
လိပ်ပြာမလုံဘူး ဖြစ်နေတယ်
Oh, you won't believe The wonders I can see
အိုး ငါမြင်နိုင်တဲ့ အံ့ဖွယ်ရာတွေ မင်းယုံမှာမဟုတ်ဘူးလေ
This world is changing me
လောကကြီးက ငါ့ကိုပြောင်းလဲပေးနေပေမဲ့
I will love you faithfully
ငါမင်းကို သစ္စာရှိရှိ ဆက်ချစ်သွားမယ်
Oh, it's killing me
အိုး၊ မင်းဟာ ငါနဲ့ ဒီမှာရှိမနေတာက
That you're not here with me
ငါ့ကို သေစေညွှန်းရော့လေလား
I'm living happily
ပျော်ရွှင်စွာပဲ ငါရှင်သန်နေပေမဲ့
But I'm feeling guilty
လိပ်ပြာမလုံဘူး ဖြစ်နေတယ်
Oh, you won't believe The wonders I can see
အိုး ငါမြင်နိုင်တဲ့ အံ့ဖွယ်ရာတွေ မင်းယုံမှာမဟုတ်ဘူးလေ
This world is changing me
လောကကြီးက ငါ့ကိုပြောင်းလဲပေးနေပေမဲ့
But I will love you faithfully
ငါမင်းကို သစ္စာရှိရှိ ဆက်ချစ်သွားမယ်
Thank you very much.
ကျေးဇူးအများကြီးတင်ပါတယ်။
(Applause and cheering)
(လက်ခုပ်သံနှင့် သြဘာပေးခြင်း)