Today, a baffled lady observed the shell where my soul dwells
ဒီနေ့ စိတ်ရှုပ်ထွေးနေတဲ့ အမျိုးသမီးကြီးတစ်ယောက်ဟာ ကျွန်မ စိတ်ဝိဉာဉ် ကိန်းအောင်းနေတဲ့ အခွံကို လေ့လာနိုင်ခဲ့ကာ
And announced that I'm "articulate"
ကြေညာလိုက်တာက "ကျွန်မဟာ ပီပီသသ ရွတ်ဆိုတတ်သူပဲ"တဲ့လေ။
Which means that when it comes to enunciation and diction
ဆိုလိုတဲ့သဘောက တစ်ခုခုကို ကြေညာပြောဖို့ လိုရင် ကျွန်မအနေနဲ့ ဘာမှကို စဉ်းတောင်စဉ်းစားမနေဘဲ
I don't even think of it
ပီပီသသ လေယူလေသိမ်း ကောင်းကောင်းနဲ့ ပြောဆိုတတ်ခြင်းပါပဲ။
‘Cause I’m "articulate"
အကြောင်းခံက "ကျွန်မဟာ ပီပီသသ ရွတ်ဆိုတတ်လို့ပါ။"
So when my professor asks a question
ဒါကြောင့် ကျွန်မ ပါမောက္ခက မေးခွန်းတစ်ခုမေးတဲ့အခါ
And my answer is tainted with a connotation of urbanized suggestion
ကျွန်မအဖြေကဟာ မြို့ပြပုံစံပေါက်နေတဲ့ အကြံပြုချက်တွေရဲ့ သွယ်ဝိုက်တဲ့အနက်တစ်ခု အရိပ်အယောင် စွန်းထင်းနေတာပေါ့။
There’s no misdirected intention
ချော်တောငေါ့တဲ့ ရည်ရွယ်ချက်မျိုးမရှိပါဘူး။
Pay attention
ဂရုစိုက်နားထောင်ဖို့ပါ။
‘Cause I’m “articulate”
အကြောင်းခံက "ကျွန်မဟာ ပီပီသသ ရွတ်ဆိုတတ်လို့ပါ။"
So when my father asks, “Wha’ kinda ting is dis?”
ဒီတော့ ကျွန်မအဖေက " ဒါက ဘာလိုဟာမျိုးတုန်း သမီးရယ်" လို့ မေးတဲ့အခါ ကျွန်မရဲ့ ပီပီသသ ရွတ်ဆိုနိူင်တဲ့ အဖြေဟာ ဘယ်တော့မှ တလွဲတချော်ဖြစ်မသွားဖူးပါဘူး။
My “articulate” answer never goes amiss
ကျွန်မက "အဖေရေ၊ ကျရောက်လယတော့မယ့်
I say “father, this is the impending problem at hand”
လက်တစ်ကမ်းမှာ ရှိနေတဲ့ ပြဿနာပါ"လို့ ပြောလိုက်ပါတယ်။
And when I’m on the block I switch it up just because I can
နောက်ပြီး ကျွန်မဟာ ကိုယ်ရပ်ကွက်ထဲကို ရောက်တဲ့အခါမှာ ကျွန်မ ခလုတ်ကို ပြောင်းလိုက်တာပဲလေ။ ကျွန်မကတတ်နိူင်တာကိုး။
So when my boy says, “What’s good with you son?”
ဒါနဲ့ ကျွန်မကောင်လေးက "မင်းက မင်းသားနဲ့ရော အဆင်ပြေရဲ့လား"လို့မေးတယ်။
I just say, “I jus’ fall out wit dem people but I done!”
ကျွန်မပြောလိုက်တာလေးက "ငါသူတို့နဲ့ စကားများခဲ့တယ်။ ဒါပေမဲ့ အပြတ်ရှင်းပစ်လိုက်ပြီ။"လို့လေ။
And sometimes in class
နောက်ပြီး တစ်ခါတစ်ရံ စာသင်ခန်းထဲမှာပေါ့၊
I might pause the intellectual sounding flow to ask
ပညာတတ်သံပေါက်နေတဲ့ ဟန်ပန်ကို ခဏလောက်ရပ်နားပြီး မေးကောင်းမေးမိမှာကတော့
“Yo! Why dese books neva be about my peoples”
"ဟေ့၊ ဘာဖြစ်လို့ ဒီစာအုပ်တွေမှာ ငါတို့လူမျိုးတွေအကြောင်း ထည့်မရေးရတာတုန်း။"
Yes, I have decided to treat all three of my languages as equals
ဟုတ်ပါတယ်ရှင်။ ကျွန်မရဲ့ ဘာသာစကား (၃)ခုစလုံးကို အညီအမျှ သဘောထားပါ့မယ်လို့ ဆုံးဖြတ်ထားပါတယ်။
Because I’m “articulate”
ဘာဖြစ်လို့လဲဆိုတော့ "ကျွန်မဟာ ပီပီသသ ရွတ်ဆိုတတ်လို့ပါ။"
But who controls articulation?
ဒါပေမဲ့ စကားရွတ်ဆို အသံထုတ်လုပ်မှုကို ဘယ်သူက ထိန်းချုပ်ထားတာတုန်း။
Because the English language is a multifaceted oration
ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလိပ်ဘာသာစကားဟာ ရှုထောင့်ပေါင်းစုံပါတဲ့ ပြောဆိုခြင်း တစ်ခုပဲလေ။
Subject to indefinite transformation
အကန့်အသတ်မရှိတဲ့ ပြောင်းလဲခြင်းတွေပေါ်မှာ မူတည်နေပါတယ်။
Now you may think that it is ignorant to speak broken English
မတောက်တခေါက် အင်္ဂလိပ်စကားကို ပြောဆိုတာဟာ ပညာဉာဏ်နည်းရာကျတယ်လို့ ရှင်တို့ထင်မိကောင်း ထင်မိကြမှာပါ။
But I’m here to tell you that even “articulate” Americans sound foolish to the British
ဒါပေမဲ့ ဒီမှာ ကျွန်မပြောမယ်၊ ပီပီသသရွတ်ဆိုနိူင်ပါတယ်ဆိုတဲ့ အမေရိကန်တွေတောင်မှပဲ ဗြိတိသျှတွေအတွက်တော့ အမိုက်အမဲပုံပေါက်နေတာပါ။
So when my Professor comes on the block and says, “Hello”
ဒါကြောင့် ကျွန်မရဲ့ ပါမောက္ခ ဝင်လာတဲ့အခါမှာ "ဟယ်လို"လို့ သူကပြောပါတယ်။
I stop him and say “Noooo …
ကျွန်မက သူ့ကိုတားပြီး ပြောလိုက်တာက "နိူး........"လို့ပါ။
You’re being inarticulate … the proper way is to say ‘what’s good’”
ရှင်တို့ဟာ ဗလုံးဗထွေးနဲ့ ဖြစ်နေပါတယ်။.... ဘာကောင်းတာလဲဆိုတာကို နည်းစနစ်တကျ ပြောဆိုတတ်ဖို့ပါ။
Now you may think that’s too hood, that’s not cool
ရှင်တို့တွေက ဒါကို အရမ်းကြီးကို စရိုက်ကျလွန်းတယ်လို့ ထင်ကောင်းထင်မိကြမှာပါ။ ဒါကတော့သိပ်မမိုက်လှပါဘူးရှင်။
But I’m here to tell you that even our language has rules
ဒါပေမဲ့ ဒီမှာ ကျွန်မပြောချင်တာက ကျွန်မတို့ ဘာသာစကားမှာတောင်မှ စည်းမျဉ်းတွေရှိပါတယ်။
So when Mommy mocks me and says “ya’ll-be-madd-going-to-the-store”
ဒီတော့ မေမေက ကျွန်မကို “ya’ll-be-madd-going-to-the-store” "နင်က စတိုးဆိုင်ကို အသေသွားချင်နေမှာပေါ့"လို့ သရော်ပြီး ပြောတဲ့အခါ
I say “Mommy, no, that sentence is not following the law
ကျွန်မပြောလိုက်တာက "မေမေရေ၊ မဟုတ်ဘူး။ အဲဒီစာကြောင်းက ဥပဒေသအတိုင်း မလိုက်ဘူး"လို့ပါ။
Never does the word "madd" go before a present participle
madd ဆိုတဲ့စကားလုံးဟာ ပစ္စက္ခ ကြိယာပုဒ်စု ရှေ့မှာ ဘယ်တော့မှ မသုံးဘူးလေ။
That’s simply the principle of this English”
ဒါက ဒီအင်္ဂလိပ်စာရဲ့ အခြေခံမူ သက်သက်ပဲလေ။
If I had the vocal capacity I would sing this from every mountaintop,
ကျွန်မမှာ အသံပိုင်းဆိုင်ရာ အစွမ်းအစအပြည့်အဝရှိနေလို့ကတော့ တောင်တွေတိုင်းရဲ့ထိပ်ဖျားကို တက်ပြီးတော့ကို သီချင်းဆိုမှာပေါ့။
From every suburbia, and every hood
ဆင်ခြေဖုံးနေရာတွေတိုင်းကနေပေါ့၊ ပြီးတော့ အိမ်နီးနာခြင်းနေရာတွေကရောပေါ့။
‘Cause the only God of language is the one recorded in the Genesis
အကြောင်းကတော့ ဘာသာစကားရဲ့ ဘုရားသခင်ပဲ (Genesis) ကျမ်းကြီးထဲမှာ မှတ်တမ်းတင်ခံရတာပါ။
Of this world saying “it is good"
ဒီလောကကြီး အကြောင်းကိုပြောနေတာက "ကောင်းပါတယ်"တဲ့။
So I may not always come before you with excellency of speech
ဒီတော့ ကျွန်မဟာ ရှင်တို့ရဲ့ရှေ့မှောက်မှာ အာဝိဇ္ဇန်းရဲ့ ပြောင်မြောက်မှုနဲ့ အမြဲတမ်းတော့ ရောက်လာချင်မှရောက်လာမှာပါ။
But do not judge me by my language and assume
ဒါပေမဲ့ ကျွန်မရဲ့ ဘာသာစကားကိုကြည့်ပြီး ကျွန်မကို အကဲ မဖြတ်ကြပါနဲ့ဦး၊
That I’m too ignorant to teach
ပြီးတော့ ကျွန်မဟာ သင်ကြားပေးဖို့အတွက် အရမ်းကြီးကိုပဲ ပညာမဲ့တယ်လို့လည်း မထင်မြင်ကြပါနဲ့။
‘Cause I speak three tongues
ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက ဘာသာစကား သုံးမျိုး ပြောလို့ပါ။
One for each:
တစ်ခုချင်းစီအတွက်လေ။
Home, school and friends
အိမ်ရယ်၊ ကျောင်းရယ်၊ မိတ်ဆွေတွေရယ် တစ်ခုစီအတွက်မို့ပါ။
I’m a tri-lingual orator
ကျွန်မက သုံးဘာသာ ပြောဆိုတဲ့စာဟောသူ တစ်ယောက်ပါ။
Sometimes I’m consistent with my language now
တစ်ခါတစ်လေကျတော့ အခု ကျွန်မရဲ့ ဘာသာစကားကိုပဲ တစ်သမတ်တည်းပေါ့။
Then switch it up so I don’t bore later
နောက်ပြီးတော့ နောက်ပိုင်းငြီးငွေ့ မသွားရအောင် ပြောင်းပစ်လိုက်တာပေါ့။
Sometimes I fight back two tongues
တစ်ခါတစ်လေကျတော့ ဘာသာစကား နှစ်ခုကို ပြန်လည်တိုက်ခိုက်ပါတယ်။
While I use the other one in the classroom
အတန်းထဲမှာ အခြားတစ်ခုကို အသုံးပြုနေတုန်းပေါ့၊ နောက်ပြီး မှားယွင်းပြီး
And when I mistakenly mix them up
ဒါတွေကို ရောထွေးမိသွားတဲ့အခါတွေမှာပေါ့၊
I feel crazy like … I’m cooking in the bathroom
ကျွန်မ ရူးကြောင်ကြောင်ဖြစ်သွားတယ်။ ရေချိုးခန်းထဲမှာ ချက်ပြုတ်နေသလိုမျိုးလေ။
I know that I had to borrow your language because mines was stolen
ရှင်တို့ရဲ့ ဘာသာစကားကို ငှားရမ်းသုံးစွဲ ရတော့တယ်ဆိုတာ သိပါတယ်။ ကျွန်မ ဘာသာစကားက အခိုးခံလိုက်ရတာကိုး။
But you can’t expect me to speak your history wholly while mines is broken
ဒါပေမဲ့ ကျွန်မဘာသာစကားက ပျက်ပြားသွားတဲ့အခိုက်မှာ ကျွန်မကို ရှင်တို့ရဲ့ ရာဇဝင် အပြည့်အဝ ပြောပြဖို့တော့ မျှော်လင့်လို့ မရနိူင်ဘူးနော်။
These words are spoken
ဒီစကားလုံးတွေကို
By someone who is simply fed up with the Eurocentric ideals of this season
ဒီရာသီရဲ့ ဥရောပဗဟိုပြုစံတွေကို တကယ်ကို စိတ်ကုန်နေတဲ့ တစ်စုံတစ်ယောက်က ပြောနေတာပါ။
And the reason I speak a composite version of your language
ပြီးတော့ ရှင်တို့ရဲ့ ဘာသာစကားကို စုပေါင်းစပ်ပေါင်းပြုထားတဲ့ ပုံစံတစ်ခုနဲ့ ပြောနေတဲ့ အကြောင်းပြချက်ကတော့
Is because mines was raped away along with my history
ကျွန်ဘာသာစကားက ကျွန်မရဲ့ အတိတ်မှတ်တမ်းနဲ့အတူ ဖျက်စီးခံလိုက်ရလို့ပါ။
I speak broken English so the profusing gashes can remind us
ကျွန်မ မတောက်တခေါက် အင်္ဂလိပ်စာကို ပြောတာက ဟက်တက်ကွဲ ဒဏ်ရာတွေက ကျွန်မတို့ရဲ့ လက်ရှိအခြေအနေဟာ
That our current state is not a mystery
နားလည်ရခက်တဲ့ ဆန်းကျယ်တဲ့ အခြေအနေမျိုး မဟုတ်တာကို ကျွန်မတို့ကို သတိပေးနေစေဖို့ပါ။
I’m so tired of the negative images that are driving my people mad
ကျွန်မပြည်သူတွေကို ကယောင်ချောက်ခြားဖြစ်စေတဲ့ အပျက်သဘောဆောင်တဲ့ ပုံရိပ်တွေကို ငြီးငွေ့လှပါပြီ။
So unless you’ve seen it rob a bank stop calling my hair bad
ဒါကြောင့် ဘဏ်တစ်ခုကို ဓားပြတိုက်တာကို မမြင်ခဲ့ရဘူးဆိုရင် ကျွန်မဆံပင်ကို မကောင်းမကန်းပြောနေတာကို ရပ်လိုက်ပါတော့။
I’m so sick of this nonsensical racial disparity
ကျွန်မကတော့ ဒီအဓိပ္ပါယ်မရှိတဲ့ လူမျိုးရေးဆိုင်ရာ ကွာဟချက်ဆိုတာကို တော်တော်ကြီးကို အော်ဂလီဆန်နေပါတယ်။
So don’t call it good unless your hair is known for donating to charity
ဒါကြောင့် သင့်ရဲ့ ဆံပင်ကို လှူဒါန်းမယ်ဆိုတာကို ကြေညာမထားဘူးဆိုရင်တော့ ဒါကို ကောင်းတယ်လို့ ခေါ်မနေနဲ့ပါနဲ့တော့။
As much as has been raped away from our people
ကျွန်မတို့ရဲ့ လူတွေနဲ့အဝေးမှာ မတော်မတရားကျင့်ခံရတာ များနေသရွေ့တော့
How can you expect me to treat their imprint on your language
ရှင်တို့တွေရဲ့ ဘာသာစကားပေါ်က ဒါတွေရဲ့ အရာထင်မှုဆိုတာကို သုံးသပ်ဝေဖန်ဖို့ဆိုတာကို ကျွန်မဆီက ဘယ်လိုမျှော်လင့်လို့ ရနိူင်မှာလဲ။
As anything less than equal
ဘာမဆိုက ညီမျှမှုရှိတယ်ဆိုတာထက်ကို လျော့နည်းနေသရွေ့ပေါ့။
Let there be no confusion
အဲဒီမှာ စိတ်ရှုပ်ထွေးစရာတွေ မရှိပါစေနဲ့တော့။
Let there be no hesitation
အဲဒီမှာ ချီတုံချတုံဖြစ်စရာတွေ မရှိပါစေနဲ့တော့။
This is not a promotion of ignorance
မသိနားမလည်ခြင်းဆိုတာတွေကို မြှင့်တင်ပေးတာတော့မဟုတ်ဘူးနော်။
This is a linguistic celebration
ဒါဟာ ဘာသာစကားဆိုင်ရာ အောင်ပွဲခံခြင်းတစ်ခုပါ။
That’s why I put "tri-lingual" on my last job application
ဒါကြောင့်မို့လို့ ကျွန်မရဲ့ နောက်ဆုံး အလုပ်လျှောက်လွှာမှာ "သုံးဘာသာ"လို့ ထည့်သွင်းခဲ့တာပေါ့။
I can help to diversify your consumer market is all I wanted them to know
သင်တို့ရဲ့ စားသုံးသူစျေးကွက်ကို ကျွန်မအနေနဲ့ အမျိုးမျိုးအဖုံဖုံ ပံ့ပိုးလုပ်ပေးနိုင်အောင် ကျွန်မကူညီပေးနိူင်တာကို သူတို့ကို ပြောချင်တာပါပဲ။
And when they call me for the interview I’ll be more than happy to show that
သူတို့တွေ ကျွန်မကို လူတွေ့မေးမြန်းဖို့ ခေါ်တဲ့အခါ ဒါက ကျွန်မပြောတတ်တာကို ဝမ်းမြောက်ဝမ်းသာတာထက်ကို
I can say:
ပိုပြီး ပြနိုင်ပါလိမ့်မယ်။
“What’s good”
"ဘာကောင်းတာပါလိမ့်။"
“Whatagwan”
ဘာဖြစ်တာပါလိမ့် လို့ပေါ့။
And of course …“Hello”
နောက်ပြီးတော့ "ဟယ်လို"
Because I’m “articulate”
အကြောင်းကတော့ ကျွှန်မဟာ ပီပီသသ ရွတ်ဆိုတတ်လို့ပါ။
Thank you.
ငျေးဇူးတင်ပါတယ်။
(Applause)
(လက်ခုပ်သံများ)