In June of 1998, Tori Murden McClure left Nags Head, North Carolina for France.
၁၉၉၈ ခု ဇွန်လမှာ Tori Murden McClure ဟာ North Carolina က Nags Head ကနေ France ကိုထွက်ခဲ့တယ်။
That's her boat, the American Pearl. It's 23 feet long and just six feet across at its widest point. The deck was the size of a cargo bed of a Ford F-150 pickup truck. Tori and her friends built it by hand, and it weighed about 1,800 pounds. Her plan was to row it alone across the Atlantic Ocean -- no motor, no sail -- something no woman and no American had ever done before. This would be her route: over 3,600 miles across the open North Atlantic Ocean.
ဒါက သူမရဲ့လှေ American Pearl ပါ။ ၂၃ ပေရှည်ပြီး ၎င်းရဲ့ အကျယ်ဆုံးနေရာမှာ ခြောက်ပေပဲ ရှိတာပါ။ ကုန်းပတ်က Ford F -150 ကုန်ကားရဲ့ ကြမ်းခင်း အရွယ်ပါ။ Tori နဲ့ သူမရဲ့ သူငယ်ချင်းတွေ လက်နဲ့ တည်ဆောက်ခဲ့ပြီး ပေါင် ၁၈၀၀ လောက် အလေးချိန်ရှိပါတယ်။ သူမရဲ့ အစီအစဉ်က အတ္တလန်တိတ် သမုဒ္ဒရာကို သူမတစ်ဦးတည်း လှော်ပြီး ဖြတ်သွားဖို့ပါ။ စက်မပါ၊ ရွက်မပါနဲ့ပေါ့။ ဘယ်မိန်းမသား၊ ဘယ် အမေရိကန်မှ အရင်က မလုပ်ခဲ့ဖူးတာပေါ့။ ဒါ သူမရဲ့ လမ်းကြောင်းဖြစ်မယ်။ မြောက်အတ္တလန်တိတ် သမုဒ္ဒရာအဝကို ဖြတ်တဲ့ မိုင် ၃၆၀၀ ကျော်ပါ။
Professionally, Tori worked as a project administrator for the city of Louisville, Kentucky, her hometown, but her real passion was exploring. This was not her first big expedition. Several years earlier, she'd become the first woman to ski to the South Pole. She was an accomplished rower in college, even competed for a spot on the 1992 U.S. Olympic team, but this, this was different.
လုပ်ငန်းအားဖြင့် Tori ဟာ Kentucky က သူမရဲ့ ဇာတိမြို့ Louisville မှာ ပရောဂျက် အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်ပါတယ်။ ဒါပေမဲ့ သူမရဲ့ ဝါသနာက စူးစမ်းရှာဖွေခြင်းပါ။ ဒါ သူမရဲ့ ပတမဆုံး စူးစမ်းလေ့လာရေး ခရီးတော့ မဟုတ်ဘူး လွန်ခဲ့တဲ့နှစ်များစွာက တောင်ဝင်ရိုးစွန်း ကို ဦးဆုံး နှင်းလျှောစီးသူ ဖြစ်ခဲ့တယ်။ ကောလိပ်မှာ ပြောင်မြောက်တဲ့ လှေလှော်သမားဖြစ် ပြီး ၁၉၉၂ US အိုအံပစ်အသင်းမှာတောင် တစ်နေရာ ဝင်ပြိုင်ခဲ့တယ်။ ဒါပေမဲ့ ဒါကတော့ မတူပါဘူး။
(Video) (Music) Tori Murden McClure: Hi. It's Sunday, July 5. Sector time 9 a.m. So that's Kentucky time now.
(ဗီဒီယို) (ဂီတ) Murden McClure: ဟိုင်း၊ ဇူလိုင် ၅ ရက် တနင်္ဂနွေပါ။ ဒေသစံတော်ချိန် နံနက် ၉ နာရီ၊ ဒီတော့ Kentucky အချိန်ပါ။
Dawn Landes: Tori made these videos as she rowed. This is her 21st day at sea. At this point, she'd covered over 1,000 miles, had had no radio contact in more than two weeks following a storm that disabled all her long-range communications systems just five days in. Most days looked like this. At this point, she'd rowed over 200,000 strokes, fighting the current and the wind. Some days, she traveled as little as 15 feet. Yeah. And as frustrating as those days were, other days were like this.
DL: Tori ဟာ ဒီဗီဒီယိုတွေကို လှော်ရင်းက ရိုက်ခဲ့တာ ဒါက သူမရဲ့ ပင်လယ်မှာ ၂၁ မြောက်နေ့ပါ။ ဒီနေရာမှာ သူမဟာ မိုင် ၁၀၀၀ ကျော် ခရီးပေါက်ခဲ့ပြီး နှစ်ပတ်ကျော်အတွင်း ဘာရေဒီယို အဆက်အသွယ်မှ မရခဲ့ပါဘူး။ သူမရဲ့ အဝေးဆက်သွယ်မှု စနစ်အားလုံးကို ဖျက်ပစ်တဲ့ မုန်တိုင်းနောက်လိုက်ရင်း ရောက်တာ ငါးရက်ပဲရှိသေးတယ် နေ့အများစုဟာ ဒီလိုပါ၊ ဒီနေရာမှာ သူမလှော်ခတ်ချက် နှစ်သိန်းကျော် ရှိခဲ့ပါပြီ၊ လှိုင်းနဲ့ လေကို အံတုရင်းပေါ့။ တစ်ချို့နေ့တွေမှာ ၁၅ ပေလောက်ပဲ ခရီးတွင်တယ်။ ဟုတ်ပါတယ်။ စိတ်ပျက်စရာကောင်းလိုက်တဲ့ အဲဒီနေ့တွေလို အခြားနေ့တွေကျတော့ ဒီလိုလေ။
(Video) TMM: And I want to show you my little friends.
(ဗီဒီယို) TMM: ကျွန်မရဲ့ မိတ်ဆွေလေးတွေကို ပြချင်ပါတယ်။
DL: She saw fish, dolphins, whales, sharks, and even some sea turtles. After two weeks with no human contact, Tori was able to contact a local cargo ship via VHF radio.
DL: ငါးတွေ၊ လင်းပိုင်တွေ၊ ဝေလငါးတွေနဲ့ ငါးမန်းတွေ၊ ပင်လယ်လိပ်ကြီးတွေတောင် သူမတွေ့ခဲ့တယ်။ နှစ်ပတ်အပြီး ဘယ်လူသား အဆက်အသွယ်မှ မရှိခဲ့ဘူး။ Tori ဟာ VHF ရေဒီယိုက တဆင့် ဒေသတွင်း ကုန်သင်္ဘော တစ်စင်းနဲ့ အဆက်အသွယ်ရခဲ့တယ်။
(Video) TMM: Do you guys have a weather report, over?
(ဗီဒီယို) TMM: ရှင်တို့မှာ မိုးလေဝသ အစီရင်ခံစာရှိလား။
Man: Heading up to a low ahead of you but it's heading, and you're obviously going northeast and there's a high behind us. That'd be coming east-northeast also.
လူတစ်ဦး။ ခင်းဗျားရဲ့ ရှေ့မှာ အနိမ့်ဖက်ကို ရှေ့ရှုနေတယ်၊ ခင်ဗျား သွားနေတာက အရှေ့မြောက်ကို ကျုပ်တို့နောက်မှာတော့ အမြင့်ရှိတယ်။ ဒါကနေ အရှေ့၊ အရှေ့မြောက်ကိုလည်း လာနေတယ်။
TMM: Good.
TMM: ကောင်းတာပေါ့။
DL: She's pretty happy to talk to another human at this point.
DL: ဒီနေရာမှာ သူမဟာ အခြားလူသားတစ်ဦးနဲ့ စကားပြောရတာ တော်တော်ပျော်နေတယ်။
(Video) TMM: So weather report says nothing dramatic is going to happen soon.
(ဗီဒီယို) TMM: ဒီတော့ မိုးလေဝသ အစီရင်ခံစာက မကြာခင် ဘာထူးခြားခြားမှ ဖြစ်မှာ မဟုတ်ဘူးတဲ့။
DL: What the weather report didn't tell her was that she was rowing right into the path of Hurricane Danielle in the worst hurricane season on record in the North Atlantic.
DL: မိုးလေဝသ အစီရင်ခံစာက မပြောခဲ့တာက သူမဟာHurricane Danielle လမ်းကြောင်း တည့်တည့်ကို လှော်ခတ်နေတာပါ။ မြောက်အတ္တလန်တိတ် မှတ်တမ်းမှာ အဆိုးဝါးဆုံး ဟာရီကိန်း ရာသီပါ။
(Video) TMM: Just sprained my ankle. There's a very strong wind from the east now. It's blowing about. It's blowing! After 12 days of storm I get to row for four hours without a flagging wind. I'm not very happy right now. As happy as I was this morning, I am unhappy now, so ...
(ဗီဒီယို) TMM: ခြေကျင်းဝတ် လိမ်သွားတယ်။ အခုဆို အရှေ့ကနေ လေအရမ်း ထန်ပါတယ်။ လေကတိုက်နေတယ်။ အရမ်းတိုက်နေတာ။ ၁၂ ရက်ကြာ မုန်တိုင်းနောက်မှာ လေပြင်းပြင်း မတိုက်ပဲ လေးရက်ကြာ လှော်လို့ရတယ်။ အခုတော့ သိပ်မပျော်တော့ပါဘူး။ ဒီမနက်တုန်းက ပျော်ခဲ့သလောက် အခုတော့ မပျော်တော့ဘူး၊ ဒီတော့...
DL: After nearly three months at sea, she'd covered over 3,000 miles. She was two thirds of the way there, but in the storm, the waves were the size of a seven-story building. Her boat kept capsizing. Some of them were pitchpole capsizes, flipping her end over end, and rowing became impossible.
DL: ပင်လယ်မှာ သုံးလနီးပါးကြာပြီးတော့ မိုင် ၃၀၀၀ ကျော် ခရီးပေါက်ခဲ့ပါတယ်။ ခရီးရဲ့ သုံးချိုး နှစ်ချိုး ရောက်ခဲ့တယ်၊ ဒါပေမဲ့ မုန်တိုင်းနဲ့ လှိုင်းတွေဟာ ခုနှစ်ထပ်တိုက်လောက်ကြီးပါတယ်။ သူမရဲ့ လှေဟာ ဆက် ဆက် မှောက်နေတာပေါ့။ တစ်ချို့တွေက ထောင်ပြီး ကျွမ်းထိုး မှောက်ခုံတွေဆိုတော့ လှော်ဖို့ဆိုတာက မဖြစ်နိုင်တော့ဘူးလေ။
(Video) TMM: It's 6:30 a.m. I'm in something big, bad and ugly. Two capsizes. Last capsize, I took the rib off the top of my ceiling with my back. I've had about six capsizes now. The last one was a pitchpole. I have the Argus beacon with me. I would set off the distress signal, but quite frankly, I don't think they'd ever be able to find this little boat. It's so far underwater right now, the only part that's showing pretty much is the cabin. It's about 10 a.m. I've lost track of the number of capsizes. I seem to capsize about every 15 minutes. I think I may have broken my left arm. The waves are tearing the boat to shreds. I keep praying because I'm not sure I'm going to make it through this. DL: Tori set off her distress beacon and was rescued by a passing container ship. They found her abandoned boat two months later adrift near France. I read about it in the newspaper.
(ဗီဒီယို) TMM: မနက် ၆ နာရီ ၃၀ ပါ။ ကျွန်မဟာ ပုံဆိုးပန်းဆိုး ကြီးဖြစ်နေတယ်။ လှေ နှစ်ခါမှောက်တယ်။ နောက်ဆုံးအခေါက်မှာ ကျောနဲ့ လှေထိပ်က အခြင်ကို ဖယ်လိုက်တယ်။ အခုဆို မှောက်တာ ခြောက်ခါရှိပါပြီ။ နောက်ဆုံးအခေါက်က ကန့်လန့်ကြီးပါ။ ကျွန်မမှာ Argus အချက်ပြမီးပါတယ်။ အန္တရာယ်ကျရောက်တဲ့ အချက်ပြလုပ်မလို့ပဲ ဒါပေမဲ့ ရှင်းရှင်းပြောရင် ဒီလှေလေးကို မြင်မယ်လို့တော့ မထင်ဘူးလေ။ အခုဆို ရေအောက် တော်တော်လေး နစ်နေပြီ၊ ဦးခန်းပိုင်းလေးပဲ ပေါ်နေတော့တာလေ။ မနက် ၁၀ နာရီလောက်ပါ။ မှောက်တဲ့ အကြိမ်တွေကို မသိတော့ဘူး။ ၁၅ မိနစ် တစ်ခါလောက်ကို မှောက်နေပုံရတယ်။ ဘယ်ဘက်လက်မောင်းတော့ ကျိုးလောက်ပြီ ထင်တယ်။ လှိုင်းတွေဟာ လှေကို အပိုင်းပိုင်း ဆွဲဖြဲနေတယ်။ ကျွန်မ ဆက်ဆုတောင်းနေတယ် အကြောင်းက ဒါကို ကျော်ဖို့ဆိုတာက မသေချာတော့ဘူးလေ။ DL: Tori သူမရဲ့ အန္တရာယ် အချက်ပြမီး ပြလိုက်တော့ ဖြတ်သွားတဲ့ ကုန်တင်သင်္ဘော တစ်စင်းက သူမကို ကယ်လိုက်ပါတယ်။ မျောနေတဲ့ သူမရဲ့ လှေကို နှစ်လအကြာမှာ France အနီးမှာ သွားတွေ့တယ်။ ဒါကို သတင်းစာမှာ ဖတ်ခဲ့ရတာပါ။
In 1998, I was a high school student living in Louisville, Kentucky. Now, I live in New York City. I'm a songwriter. And her bravery stuck with me, and I'm adapting her story into a musical called "Row." When Tori returned home, she was feeling disheartened, she was broke. She was having a hard time making the transition back into civilization.
၁၉၉၈ ခုမှာ ကျွန်မဟာ Kentucky က Louisville မှာနေနေတဲ့ အထက်တန်းကျောင်းသူပါ။ အခုတော့ New York မှာ နေပါတယ်။ သီချင်းရေးသူပေါ့။ သူမရဲ့ ဇာတ်လမ်းက ကျွန်မကို ညိသွားတော့ သူမရဲ့ ဇာတ်လမ်းကို "Row" လို့ခေါ်တဲ့ ဂီတဇာတ်လမ်းအဖြစ် ပြောင်းလိုက်တယ်။ Tori အိမ်ပြန်လာတော့ သူမဟာ စိတ်ပျက်အားငယ်နေတယ်။ ပိုက်ဆံကလည်းပြတ်ပေါ့။ လူ့အသိုင်းအဝိုင်းထဲ ပြန်ဝင်ဖို့ ခက်ခဲတဲ့ အချိန်ပေါ့။
In this scene, she sits at home. The phone is ringing, her friends are calling, but she doesn't know how to talk to them. She sings this song. It's called "Dear Heart."
ဒီမြင်ကွင်းမှာ သူမက အိမ်မှာ ထိုင်နေတယ်။ ဖုန်းလာနေတယ်။ သူ့မိတ်ဆွေတွေက ခေါ်နေတာပါ။ ဒါပေမဲ့ သူတို့ကို ဘယ်လိုပြောရမယ် သူမမသိဘူး သူမ ဒီသီချင်းကို ဆိုတယ်။ "ချစ်ရတဲ့ နှလုံးသား" လို့ခေါ်ပါတယ်။
(Guitar)
(ဂစ်တာသံ)
When I was dreaming,
ကိုယ်အိပ်မက်မက်စဉ်က
I took my body
ကိုယ့်ခန္ဓာကိုယ်ကို
to beautiful places
ကိုယ်မရောက်ဖူးသေးတဲ့ လှပတဲ့
I'd never been.
နေရာတွေဆီ ယူဆောင်သွားခဲ့တယ်။
I saw Gibraltar,
Gibraltar နဲ့ လရောင်ထဲမှာ
and stars of Kentucky
လောင်ကျွမ်းနေတဲ့ Kentucky ရဲ့
burned in the moonlight,
ကြယ်ပွင့်တွေကို ကိုယ်တွေ့ခဲ့တယ်၊
making me smile.
ကိုယ့်ကို ပြုံးပြနေလို့ပေါ့။
And when I awoke here,
ဒီမှာ ကိုယ်နိုးထတော့
the sky was so cloudy.
ကောင်းကင်ဟာ သိပ်ကို အုံ့ဆိုင်းနေတယ်။
I walked to a party
ကိုယ်သိတဲ့ လူတွေရှိတဲ့ ပွဲကို
where people I know
လမ်းလျှောက်သွားခဲ့တယ်၊
try hard to know me
ကိုယ့်ကိုလည်း သိဖို့ကြိုးစားကြပြီး
and ask where I've been,
ကိုယ်ဘယ်ကလဲလို့ မေးကြတယ်။
but I can't explain
ကိုယ်မြင်တာတွေကို
what I've seen to them.
သူတို့ကို ရှင်းမပြနိုင်ဘူး။
Ah, listen, dear heart.
အား နားဆင်ပါ၊ ချစ်ရတဲ့ နှလုံးသားရေ
Just pay attention,
အာရုံစိုက်ထားပါ၊
go right from the start.
အစကနေ သွားလိုက်ပါ။
Ah, listen, dear heart.
အား နားဆင်ပါ၊ ချစ်ရတဲ့ နှလုံးသားရေ
You can fall off the map,
မြေပုံကနေ မင်းပြုတ်ကျနိုင်တယ်
but don't fall apart.
ဒါပေမဲ့ ပြိုကွဲ မသွားဘူးလေ။
Ooh ooh ooh,
အိုး ဝိုး ဝိုး
ah ah ah ah ah.
အား အား အား အား
Ah ah,
အား အာ
ah ah ah.
အား အား အား
When I was out there,
ကိုယ် အဲဒီကိုရောက်တော့
the ocean would hold me,
သမုဒ္ဒရာက ကိုယ့်ကို ပွေ့ဖက်၊
rock me and throw me,
လှုပ်ရမ်းပြီး ပစ်လွှတ်လိုက်လိမ့်မယ်၊
light as a child.
ကလေးတစ်ယောက်လို့ ပေါ့ပေါ့လေး
But now I'm so heavy,
ဒါပေမဲ့ အခုတော့ လေးလံနေတယ်
nothing consoles me.
ဘာကမှ ကိုယ့်ကို မနှစ်သိမ့်ဘူး။
My mind floats like driftwood,
ကိုယ့်စိတ်ဟာ ရေမျောသစ်စလို
wayward and wild.
ထိန်းမရ၊ ရိုင်းစိုင်းကာ မျောပါနေတယ်။
Ah, listen, dear heart.
အား နားဆင်ပါ၊ ချစ်ရတဲ့ နှလုံးသားရေ
Just pay attention,
အာရုံစိုက်ထားပါ၊
go right from the start.
အစကနေ သွားလိုက်ပါ။
Ah, listen, dear heart.
အား နားဆင်ပါဦး၊ ချစ်ရတဲ့ နှလုံးသားရယ်၊
You can fall off the map,
မြေပုံကနေ မင်းပြုတ်ကျနိုင်တယ်
but don't fall apart.
ဒါပေမဲ့ ပြိုကွဲ မသွားဘူးလေ။
Ooh.
အိုး
Eventually, Tori starts to get her feet under her. She starts hanging out with her friends again. She meets a guy and falls in love for the first time. She gets a new job working for another Louisville native, Muhammad Ali. One day, at lunch with her new boss, Tori shares the news that two other women are setting out to row across the mid-Atlantic, to do something that she almost died trying to do.
နောက်ဆုံးမှာတော့ Tori ဟာ သူမဟာ ပုံမှန်ပြန်ဖြစ်လာပြီး သူမရဲ့ မိတ်ဆွေတွေနဲ့ ပြန် အချိန်ဖြုန်းပါတယ်။ လူတစ်ယောက်နဲ့ဆုံပြီး ပထမဆုံးချစ်မိခဲ့တယ်။ နောက်ထပ် Louisville နယ်သား Muhammad Ali ဆီမှာ အလုပ်သစ်တစ်ခု လုပ်ဖို့ ရပါတယ်။ တစ်နေ့ သူမရဲ့ အလုပ်ရှင်နဲ့ နေ့လည်စာမှာ Tori ဟာ အခြား အမျိုးသမီး နှစ်ဦးဟာ သူမ သေမလောက် ကြိုးစားလုပ်ခဲ့တာဖြစ်တဲ့ အတ္တလန်တိတ် အလယ်ကို လှေလှော်ဖြတ်ဖို့ ခရီးစထွက်တော့မယ်ဆိုတဲ့ သတင်းကို မျှဝေလိုက်တယ်။
His response was classic Ali: "You don't want to go through life as the woman who almost rowed across the ocean."
သူ့ရဲ့ တုံ့ပြန်မှုက Ali ရဲ့ထုံးစံအတိုင်း၊ "သမုဒ္ဒရာကို ဖြတ်သန်းလုနီးပါး လှော်ခတ်ခဲ့တဲ့ မိန်းမတစ်ယောက်လို ဘဝမျိုးနဲ့ မင်း မဖြတ်သန်းချင်ဘူးပေါ့။"
He was right. Tori rebuilt the American Pearl, and in December of 1999, she did it.
သူပြောတာမှန်တယ်။ Tori ဟာ American Pearl ကိုပြန်ဆောက် ပြီး ၁၉၉၉ ခု ဒီဇင်ဘာလမှာ သူမ ဖြတ်ခဲ့တယ်။
(Applause) (Guitar)
(လက်ခုပ်သံများ) (ဂစ်တာသံ)
Thank you.
ကျေးဇူးတင်ပါတယ်။
(Applause)
(လက်ခုပ်သံများ)