Allison Hunt: My three minutes hasn't started yet, has it?
Allison Hunt: သုံးမိနစ်က မစသေးဘူးလားရှင့်။
Chris Anderson: No, you can't start the three minutes. Reset the three minutes, that's just not fair.
CA: ဟင့်အင်း၊ သုံးမိနစ် ခင်ဗျားစလို့မရဘူး သုံးမိနစ် ပြန်ချိန်လိုက်ပါ၊ မတရားတာပဲ။
AH: Oh my God, it's harsh up here. I mean I'm nervous enough as it is.
AH: ဘုရားရေ၊ ဒီမှာက ရက်စက်တာပဲ ရှင်။ ဆိုလိုတာက ဒီအတိုင်း ကျွန်မ အတော်ကို ထိတ်နေတယ်။
But I am not as nervous as I was five weeks ago. Five weeks ago I had total hip replacement surgery. Do you know that surgery? Electric saw, power drill, totally disgusting unless you're David Bolinsky, in which case it's all truth and beauty. Sure David, if it's not your hip, it's truth and beauty.
ဒါပေမဲ့ လွန်ခဲ့တဲ့ ငါးနှစ်ကလောက်တော့ မထိတ်ပါဘူး။ လွန်ခဲ့တဲ့ငါးနှစ်က တင်ပါးတစ်ခုလုံး အစားထိုး ခွဲစိတ်ကုသခဲ့ရတယ်။ ဒီခွဲစိတ်ကုသမှုကို ရှင်တို့သိလား။ လျှပ်စစ်လွှ၊ လွန်စက်၊ လုံးဝ စိတ်ပျက်စရာကြီးရှင်။ ရှင်ဟာ David Bolinsky မဟုတ်ရင်ပေါ့၊ ဒီကိစ္စမှာက အမှန်တရားနဲ့ အလှအပပါ။ သေချာတယ် David ရေ၊ ဒါရှင့်တင်ပါးသာဆို ဒါ အမှန်တရားနဲ့ အလှအပပါ။
Anyway, I did have a really big epiphany around the situation, so Chris invited me to tell you about it. But first you need to know two things about me. Just two things. I'm Canadian, and I'm the youngest of seven kids. Now, in Canada, we have that great healthcare system. That means we get our new hips for free. And being the youngest of seven, I have never been at the front of the line for anything. OK?
ဒါနဲ့ပဲ ဒီအခြေအနေမှာ ထိုးထွင်အမြင်ရခဲ့တယ် ဒါနဲ့ Chris က ဒီအကြောင်းပြောဖို့ ဖိတ်တယ်။ ဒါပေမဲ့ ပထမ အကြောင်းနှစ်ခု သိဖို့လိုတယ်။ နှစ်ခုတည်းပါ။ ကျွန်မက ကနေဒီယန်လူမျိုး၊ ကလေး ခုနှစ်ယောက်မှာ အငယ်ဆုံးပါ။ Canada မှာရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်က တင်ပါးသစ်တွေ အခမဲ့ ရတယ်။ ခုနှစ်ယောက်မှာ အငယ်ဆုံးဖြစ်တာကြောင့် ကျွန်မဟာ ဘာအတွက်ဖြစ်ဖြစ် ရှေ့ဆုံး တန်းကို တစ်ခါမှ မရောက်ဖူးဘူး။
So my hip had been hurting me for years. I finally went to the doctor, which was free. And she referred me to an orthopedic surgeon, also free. Finally got to see him after 10 months of waiting -- almost a year. That is what free gets you. I met the surgeon, and he took some free X-rays, and I got a good look at them. And you know, even I could tell my hip was bad, and I actually work in marketing. So he said, "Allison, we've got to get you on the table. I'm going to replace your hip -- it's about an 18-month wait." 18 more months. I'd already waited 10 months, and I had to wait 18 more months.
ဒီတော့ တင်ပါးက နှစ်ချီပြီး နာနေတော့တာပေါ့။ နောက်ဆုံး ဆရာဝန်ဆီသွားလိုက်တယ်၊ ဒါက အခမဲ့ပါ။ သူမက အရိုးခွဲစိတ်ကု ဆရာဝန်ဆီ ညွှန်းပေးတယ်၊ ဒါလည်း အခမဲ့ပဲ။ နောက်ဆုံး ၁၀ လကြာမှ သူ့ကို တွေ့ရတယ်၊ တစ်နှစ်နီးပါးပဲ။ အခမဲ့ဆိုတာက ဒါပဲလေ။ ခွဲစိတ်ကုဆရာဝန်ကို တွေ့တယ်၊ ဓာတ်မှန် အခမဲ့ရိုက်ပေးပြီး သေသေချာချာ ကြည့်လိုက်တော့ သိတဲ့အတိုင်း တင်ပါးက မကောင်းတာ ကျွန်မတောင်သိတယ်။ ကျွန်မက စျေးကွက်ပိုင်းမှာ အလုပ်လုပ်တာပါ။ ဒါနဲ့ သူက "Allison ရေ၊ မင်းကို စာရင်းသွင်းဖို့လိုတယ်၊ မင်းတင်ပါးကို အစားထိုးပေးမယ်၊ ၁၈ လလောက် စောင့်ဖို့လိုတယ်။" နောက်ထပ် ၁၈ လပါ။ ၁၀ လစောင့်ပြီးသား၊ ၁၈ လထပ်စောင့်ခဲ့ရတယ်။
You know, it's such a long wait that I actually started to even think about it in terms of TEDs. I wouldn't have my new hip for this TED. I wouldn't have my new hip for TEDGlobal in Africa. I would not have my new hip for TED2008. I would still be on my bad hip. That was so disappointing.
သိတဲ့အတိုင်း စောင့်ရတာ သိပ်ကြာလွန်းတော့ ဒီအကြောင်းကို TEDs အရတောင်တွေးမိတယ်။ ဒီ TED အတွက် တင်ပါးသစ် ရှိခဲ့မှာ မဟုတ်ဘူး။ Africa က TEDGlobal အတွက် တင်ပါးသစ် ရှိခဲ့မှာ မဟုတ်ဘူး။ TED2008 အတွက် တင်ပါးသစ် ရှိခဲ့မှာမဟုတ်ဘူး။ မကောင်းတဲ့တင်ပါးပဲ ရှိနေဦးမှာ။ စိတ်ပျက်စရာကြီးပါ။
So, I left his office and I was walking through the hospital, and that's when I had my epiphany. This youngest of seven had to get herself to the front of the line. Oh yeah.
ဒါနဲ့ ရုံးကနေထွက်၊ ဆေးရုံကိုဖြတ်ပြီး၊ လမ်းလျှောက်လာတုန်း အဲဒီမှာပဲ ထိုးထွင်းအမြင်ရခဲ့တာပဲလေ။ ခုနှစ်ယောက်ထဲက အငယ်ဆုံးဟာ သူ့မဘာသာ ရှေ့တန်းတက်ဖို့ လိုတာပေါ့။ အိုး ရေး။
Can I tell you how un-Canadian that is? We do not think that way. We don't talk about it. It's not even a consideration. In fact, when we're traveling abroad, it's how we identify fellow Canadians. "After you." "Oh, no, no. After you." Hey, are you from Canada? "Oh, me too! Hi!" "Great! Excellent!"
ကနေဒီယန်း မဟုတ်သူဟာ ဘယ်လိုဆိုတာ သိလား။ ဒီလို မတွေးမိကြဘူးလေ။ ဒီအကြောင်း မပြောကြဘူး၊ ထည့်တောင်မစဉ်းစားကြဘူးလေ။ တကယ်က နိုင်ငံခြားခရီးထွက်တဲ့အခါ ဒါက ကနေဒီယန်းအဖော်တွေကို ခွဲထုတ်ပုံပါ။ "ကြွပါ" "အိုး မဟုတ်တာ "ကြွပါ" ဟေး၊ မင်း ကနေဒါကလား။ "အိုး ငါရောပဲ၊ ဟိုင်း" "ကောင်းလိုက်တာကွာ"
So no, suddenly I wasn't averse to butting any geezer off the list. Some 70-year-old who wanted his new hip so he could be back golfing, or gardening. No, no. Front of the line.
ဒါနဲ့ ရုတ်တရက် သက်ကြားအိုတွေကို စာရင်း ကနေ ထုတ်ပစ်ဖို့ ငြင်းနေတာမဟုတ်ဘူးနော်။ တင်ပါးအသစ်လိုချင်တဲ့ အသက် ၇၀ လူတစ်ယောက် ဂေါက်ကစားတာ (သို့) ဥယျာဉ် ပြန်လုပ်ဖို့လေ။ နိုး၊နိုး၊ ရှေ့ဆုံးတန်းမှာပါ။
So by now I was walking the lobby, and of course, that hurt, because of my hip, and I kind of needed a sign. And I saw a sign. In the window of the hospital's tiny gift shop there was a sign that said, "Volunteers Needed." Hmm. Well, they signed me up immediately. No reference checks. None of the usual background stuff, no. They were desperate for volunteers because the average age of the volunteer at the hospital gift shop was 75. Yeah. They needed some young blood.
ဒါနဲ့ ဧည့်သည်စောင့်ခန်းကိုလျှောက်သွား တုန်း တကယ် နာတာပေါ့ရှင်။ ကျွန်မတင်ပါးကြောင့်ပေါ့၊ ဆိုင်းဘုတ်တစ်ခု လိုတာမျိုးပေါ့။ ဒါနဲ့ ဆိုင်းဘုတ်တစ်ခုတွေ့တယ်။ ဆေးရုံက လက်ဆောင်ရောင်းတဲ့ဆိုင်ကလေးရဲ့ ပြတင်းပေါက် ဆိုင်းဘုတ်တစ်ခုမှာ ရေးထားတာက "စေတနာ့ဝန်ထမ်း လိုအပ်သည်"တဲ့။ အင်း၊ ကျွန်မကို ချက်ချင်းပဲ စာရင်းသွင်းလိုက်ကြတယ်။ စစ်ဆေး ထောက်ခံစာမလို၊ ခါတိုင်းလို နောက်ခံအကြောင်းတွေမလိုဘူး။ သူတို့ဟာ စေတနာ့ဝန်ထမ်း အသည်းအသန်ရှာနေတဲ့၊ အကြောင်းက လက်ဆောင်အရောင်း ဆိုင်က သူတွေရဲ့ ပျမ်းမျှအသက်က ၇၅ နှစ်လေ ဟုတ်တယ်၊ သူတို့ လူငယ်သွေးသစ်တွေ လိုတာပေါ့။
So, next thing you know, I had my bright blue volunteer vest, I had my photo ID, and I was fully trained by my 89-year-old boss. I worked alone. Every Friday morning I was at the gift shop. While ringing in hospital staff's Tic Tacs, I'd casually ask, "What do you do?" Then I'd tell them, "Well, I'm getting my hip replaced -- in 18 months. It's gonna be so great when the pain stops. Ow!" All the staff got to know the plucky, young volunteer.
ဒီတော့ နောက်တစ်ခုက အပြာတောက် တောက် စေတနာ့ဝန်ထမ်းအင်္ကျီရယ်၊ သက်သေခံဓာတ်ပုံနဲ့ အသက် ၈၉ နှစ် အကြီး အကဲရဲ့ အပြည့်အဝ သင်တန်းပေးတာခံရတယ်။ ကျွန်မ တစ်ယောက်တည်း အလုပ်လုပ်ခဲ့ပါတယ်။ သောကြာနေ့မနက်တိုင်း လက်ဆောင် အရောင်းဆိုင်မှာ ရောက်တယ်။ ဆေးရုံဝန်ထမ်းတွေရဲ့ TiC Tacs မှာ ဝင်ပါရင်း တစ်ခါတစ်လေ မေးတတ်တာက "ဘာအလုပ် လုပ်လဲတဲ့" ကျွန်မက "အင်း၊ ကျွန်မတင်ပါး အစားထိုး ကုသခံမှာ၊ ၁၈ လအတွင်းပေါ့။ ဒီနာကျင်မှု ရပ်သွားရင် သိပ်ကောင်းသွားမှာပေါ့နော်။" ဝန်ထမ်းအားလုံး ငယ်ရွယ်ပြီး သတ္တိကောင်းတဲ့ စေတနာ့ဝန်ထမ်းနဲ့ ရင်းနှီးလာတယ်။
My next surgeon's appointment was, coincidentally, right after a shift at the gift shop. So, naturally, I had my vest and my identification. I draped them casually over the chair in the doctor's office. And you know, when he walked in, I could just tell that he saw them. Moments later, I had a surgery date just weeks away, and a big fat prescription for Percocet.
နောက် ကုသမှု ချိန်းဆိုရက်က တိုက်ဆိုင်စွာပဲ လက်ဆောင်ဆိုင်က အဆိုင်းပြီးတဲ့ အခါမှာပါ။ ဒီတော့ ဣန္ဒြေမပျက်ပဲ အင်္ကျီနဲ့ သက်သေခံကဒ်ပြားနဲပေါ့။ ဆရာဝန်ရုံးခန်းစားပွဲမှာ အမှတ်မထင် လွှမ်း ထားလိုက်တယ်။ သိတဲ့အတိုင်း သူဝင်လာတော့ ဒါတွေကို သူတွေ့တယ်ဆိုတာ ကျွန်မသိတာပေါ့။ ခဏအကြာမှာ သီတင်းပတ်အတွင်းမှာပဲ ခွဲစိတ်ကုသဖို့ ရက်ချိန်းနဲ့ Percocet အတွက် ကြီးမားတဲ့ ဆေးညွှန်းတစ်ခု ရခဲ့တယ်လေ။
Now, word on the street was that it was actually my volunteering that got me to the front of the line. And, you know, I'm not even ashamed of that. Two reasons. First of all, I am going to take such good care of this new hip. But also I intend to stick with the volunteering, which actually leads me to the biggest epiphany of them all. Even when a Canadian cheats the system, they do it in a way that benefits society.
ကဲ အရပ်ထဲကပြောတာက တကယ်က စေတနာ့ဝန်ထမ်း လုပ်တာက ကျွန်မကို ရှေ့တန်းပို့လိုက်တယ်ပေါ့ သိတဲ့အတိုင်း ဒါကို ကျွန်မတော့ ရှက်တောင် မရှက်ပါဘူးရှင်။ အကြာင်းပြချက် နှစ်ခုက ပထမက ဒီတင်ပါးသစ်ကို အရမ်း ဂရုစိုက်မှာပါ။ စေတနာ့ဝန်ထမ်းခြင်းကို စွဲမြဲပြီးလုပ်ဖို့ လည်း ရည်ရွယ်ထားတယ်။ တကယ်တော့ ဒါက ကျွန်မကို အားလုံးထဲမှာ အကြီးမားဆုံး ထိုးထွင်းအမြင် ရစေတာလေ။ ကနေးဒီးယန်း တစ်ဦးဟာ စနစ်ကို လိမ်လည် လှည့်စားတဲ့အခါတောင်မှ လူထုကို အကျိုးရှိစေတဲ့နည်းနဲ့ လုပ်တယ်။